Showing posts with label history. Show all posts
Showing posts with label history. Show all posts

Wednesday, May 16, 2012

ကရင့်တော်လှန်ရေးနေ့ ဇန္န့ဝါရီ (၃၁)ရက်နေ့

 “ကျွန်တော်တို့ ဒုတိယ ကမ္ဘာစစ် ကတည်းက စတင်လာတဲ့ ကရင်ဗမာ မုန်းတီးရေး စိတ်ဓါတ်ကို ဒီနေ့ အဆုံးသတ် လိုက်ပီလို့ ဒီနေရာကနေ ပြောချင်ပါတယ်၊ လက်နက်ကိုင် တိုက်လာတာ အနှစ် (၆၃) နှစ် နီးပါး အချိန်ကို ရောက်နေပါပြီ၊ လက်နက်ကိုင် နည်းနဲ့ နိုင်ငံရေး ပြသနာကို ဖြေရှင်းလို့ မရဘူးဆိုတာ ကျွန်တော်တို့ လေးလေးနက်နက် သဘောပေါက်သလို ဦးအောင်မင်းတို့လည်း နားလည် သဘောပေါက် ကြမှာပါ” ဟု ဘုရားသုံးဆူမြို့၌ ပြုလုပ်သည့် ကေအန်ယူ၏ တတိယမြောက် ဆက်ဆံရေး ရုံး ဖွင့်ပွဲသို့ အဖွင့် မိန့်ခွန်း၌ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုးက ပြောကြားသွားပါသည်။

Thursday, January 6, 2011

Sunday, September 19, 2010

ကရင့်တော်လှန်ရေးသူရဲကောင်း

ဖူးဒို

ဗိုလ်မှုးမောင်ကလေး (Major Maung Gale)



ဗိုလ်မှုးမောင်ကလေး ကို ၁၉၁၂ တွင်ဟင်္သာတမြို့ ၌ မွေးဖွါးခဲ့ပါသည်။ မိဘများမှာ ဦးမြ နှင့် အန်တီဂျယ်နီ ဖြစ်ပြီး ပုဂံမင်း နှင့်မင်းတုန်းမင်းလက်ထက်
စစ်သူကြီးတစ်ဦး ဖြစ်သော ဗိုလ်ရွှေဂဲ၏မြစ် ဖြစ်ပါသည်။ အသက် ၂၅ နှစ်ခန့် တွင် စစ်ထဲသို့ဝင်ခဲ့ပြီးမေမြို့စစ်တက္ကသိုလ် တွင် နည်းပြအဖြစ်တာဝန်
ထမ်းဆောင်ခဲ့သလို ကရင့်ရိုင်ဖယ်တပ်ရင်း အမှတ်(၂)တွင်လည်း တာဝန်ထမ်း ဆောင်ခဲ့ ပါသည်။ ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ရာတွင် ပါဝင်ခဲ့ပြီး
ကရင့်တော်လှန် ရေး စတင်ခဲ့ချိန်တွင်ပဲခူးရိုး မ တွင်အခြေပြု ပါဝင်ခဲ့ပါသည်။ မိသားစုရေးကို ဂရုမစိုက်အားဘဲ တော်လှန်ရေးခရီးကြမ်းကိုပဲခူးရိုးမ နှင့်
ဧရာဝတီတိုင်း တွင် (၂၅) ဆက်တိုက် ဖြတ်သန်းခဲ့ပါသည်။ ရင်ကြပ် နှင့် လိပ်ခေါင်းရောဂါကိုအံတုလျက်ရာသီဥတုကြမ်းတမ်းသော ပဲခူးရိုးမတွင်ဆင်း
ရဲစွာ လူမျိုးတွက် အနစ်နာခံ တိုက်ပွဲဝင်ခဲ့သည့် တော်လှန်ရေးသူရဲ ကောင်းတစ်ဦး ဖြစ်ပါ သည်။ တော်လှန်ရေး အစိုးရ ဦးနေ၀င်း လက်ထက်တွင်
ဗိုလ်မှုးမောင်ကလေး ကိုရရှိရန် သူ၏ ဇနီးနန့်အေး သန့် နှင့် သားထွေး ချစ်ကိုကို တို့ကို ဖမ်းဆီးပြီး မြောင်းမြထောင်ထဲတွင် ဓါးစားခံအဖြစ် ချုပ်နှောင်
ထားခဲ့ပါသည်။
KNU ဗဟိုကော်မတီ တစ်ဦးလည်းဖြစ်သူ ဗိုလ်မှုးမောင်ကလေးသည် ဧရာဝတီတိုင်း၊ ငပုတော တွင်ရှိ စဉ် စစ်အစိုးရ၏ ဖြတ်လေးဖြတ် နှင့်ရင်ဆိုင်ခဲ့ရပါ
သည်။ စစ်အစိုးရတပ်မှလည်းဗိုလ်မှုးမောင်ကလေး အဖွဲ့ကို သဲကြီးမဲကြီး လိုက်လံဖမ်းဆီးပါသည်။ ငပုတော တောင်ကုန်း တွင် တပ်အင်အားနှင့် အရပ်
သားများကို အဓမ္မစုဆောင်းပြီး ဗိုလ်မှုးမောင်ကလေးကိုဝိုင်းဝန်း ၍ ပိုက်စိပ်တိုက်ရှာသော်လည်း ဗိုလ်မှုးမောင် ကလေးသည် သီသီကလေးဖြင့် အကြိမ်
်ကြိမ်လွှတ်မြောက်ခဲ့ပါသည်။ နောက်ဆုံးတွင် တပ်သားနှင့် အရပ်သားရောပြီး လက် ခြင်းတွဲပြီး ပိုက်စိပ်တိုက် တောနှင်းရှာသောအခါ မှ အစာရေစာ
ပြတ်လပ်နေသော ဗိုလ်မှုး မောင်ကလေးကို မိပါတော့သည်။ သူ့ကိုဖမ်းဆီးသောအခါ မေမြို့စစ်တက္ကသိုလ် တွင် သင်ကြားပေးခဲ့ရသော တပည့်များပါ
ဝင်ခဲ့ပါသည်။ တပည့်များက-
“ ဗိုလ်ကြီး လက်နက်ချကြောင်းသာပြောပါ။ ကျန်တာတွေအဆင်ပြေအောင်ကျွန်တော်တာ ၀န် ယူပါတယ်”

ဗိုလ်မူးမောင်ကလေးသည် KNU လမ်းစဉ်မူဝါဒများကို ရှင်းပြလျှက်သူတို့ခေါ်ရာသို့လိုက် သွားပါသည်။ ထိုစဉ်က ကဒက်ချောင်းကျေးရွာခေါ်ယခုရွာ
နံမည် တာကွယ်လူ ( ဗမာနံမည် တကွက်လူ)၊ ငပုတောသို့ ဖမ်းဆီးခေါ်ဆောင်လာပါသည်။ ရွာသို့ရောက်သောအခါ KNU အဖွဲ့မှ အလင်းဝင်ခဲ့သော
ဗိုလ်ကျားနှင့်အဖွဲ့အပါအ၀င် ရွာသားများကို ခေါ်ယူပြီးတာကွယ်လူဘုရားကျောင်းအောက်တွင်စုဆည်းပြီး ဗမာစစ်ဗိုလ် မှစည်းရုံးရေးတရားများဟော
ကြားခဲ့ပါ သည်။ သူစကားပြောပြီးသောအခါ ဗိုလ်မှုးမောင်ကလေးကသူအား စကားပြောခွင့်ပေးရန် ခွင့်တောင်းပါသည်။စစ်အစိုးရတပ်မှ စစ်ဗိုလ်က-
“ အခု ဦးမောင်ကလေး မှ စကားအနည်းငယ်ပြောပါ့မယ်”
ဗိုလ်မှုးမောင်ကလေးမှထပြီးဗမာလိုပြောသည်မှာ-

“ ကျွန်တော် ဦးမောင်ကလေးမဟုတ်ပါ။ ကျွန်တော် ဟာ KNU ဗဟိုကော်မတီဝင်တစ်
ယောက်ဖြစ်ပါတယ်။ ကျွန်တော့် ကို ဦးမောင်ကလေး ဟုမခေါ်ပါနှင့်။ ကျွန်တော့် ကို
KNU ဗဟိုကော်မတီဝင် မောင်ကလေး လို့ဘဲခေါ်ပါ”

ထို့နောက်ဗိုလ်မှုးမောင်ကလေးမှ ကရင်လိုဆက်ပြောသည်မှာ-
“ကျွန်တော့်ကိုဖမ်းတဲ့ ဒီစစ်ဗိုလ်ဟာ တစ်ချိန်က မေမြို့စစ်တက္ကသိုလ်မှာ ကျွန်တော်သင်
ကြားပေးခဲ့ရတဲ့ ကျွန်တော့် တပည့်တွေဖြစ်ပါတယ်။ ဒီစစ်ဗိုလ်က ကျွန်တော့်ကို အလင်းဝင်
ကြောင်းပြောခိုင်းပါတယ်။ အဲဒီလိုပြောရင် ကျန်တဲ့ကိစ္စတွေအားလုံးအဆင်ပြေအောင် တာ
ဝန်ယူကြောင်းပြောပါတယ်။ ကျွန်တော်သူတို့ကို ပြန်ပြောတယ် မောင်ကလေးဟာ လက်
နက်ချခြင်းအလုပ်ကို တစ်သက်လုံးမလုပ်ဘူး။ ”

ဗိုလ်မှုးမောင်ကလေးသည် အလင်းဝင်ခဲ့သော ဗိုလ်ကျားကို ကြည့်လျှက်ပြောသည်မှာ-

“ဗိုလ်ကျား- ငါ့ကိုမဖမ်းခင် ဒီနေရာမှာ KNU ဗဟိုကော်မတီတစ်ဦးအနေဖြင့် ငါစကားလာ
ပြောခဲ့တယ်။ အခု ငါ့ကို ဖမ်းမိပြီးဒီနေရာရောက်လာတယ်။ ဖမ်းတဲ့ငါ့တပည့်တွေက အ
လင်းဝင်ကြောင်းပြောခိုင်းတယ်။ ငါ သူတို့ကိုပြန်ပြောတယ်၊ လက်နက်ချပြီး ငါ့လူမျိုးတွေရဲ့
သိက္ခာ၊ KNU သိက္ခာ ကျအောင် ငါဘယ်တော့မှမလုပ်ဘူး။ အခုလည်းမလုပ်ဘူး၊ နောင်
လည်းမလုပ်ဘူး။ သူတို့ငါ့ကို သတ်လည်းသတ်ပါစေ။ မောင်ကလေးဟာ ဘယ်တော့မှ
လက်နက်မချဘူး။ ဇင်ရော်ဌက်တွေဟာ ရာသီဥတုကိုလိုက်ပြီး သူတို့ခေါင်းတွေဟာ ဖြူ
လိုက် မဲလိုက်ဖြစ်တတ်တယ်။ မောင်ကလေးဟာ ဇင်ရော်မဟုတ်ဘူး။ အခု မောင်ကလေး
လက်နက်ချတာမဟုတ်ဘူး။ သူများဖမ်းမိသွားတာဖြစ်တယ်။ မောင်ကလေးဟာ သူ့လူမျိုး
နှင့် KNU ၏ ယုံကြည်ချက်မူအတိုင်း အသေခံမှာ ဖြစ်တယ်။ငါပြောတာဟုတ်လားဗိုလ်ကျား”

ဗိုလ်ကျား နှင့်အဖွဲ့သည် ဘာမျှမပြောဘဲ စိတ်မကောင်းစွာဖြင့် အောက်သို့စိုက်ကြည့်နေပါ သည်။

ထို့နောက် ဗိုလ်မှုးမောင်ကလေးကို ပုသိမ်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။
ဖမ်းဆီးခြင်းခံရပြီး ရောဂါဖိဆီးမှု့ကြောင့် ပုသိမ် ဆေးရုံသို့ ပို့ဆောင်ခြင်းခံရသော်လည်း ဆေးကုသ
ခွင့် လုံးဝ မရရှိဘဲ ဆေးရုံကုတင်ဖြင့်တွဲလျှက် လက်ထိပ်ခတ်ထားခြင်းခံရပါ သည်။ ထိုချိန်က ဗမာ့
တပ်မတော်မှ ဗိုလ်မှုးမောင်လွင်သည် ဗိုလ်ချုပ်နေ၀င်း၏စေခိုင်းချက်ဖြင့် ပုသိမ်ဆေးရုံ သို့ ရဟတ်ယာဉ်
ဖြင့်ရောက်လာပြီး သူ့ဆရာ ဗိုလ်မှုး မောင်ကလေးကို လက်နက်ချကြောင်း လက်မတ်ရေးထိုးရန် နားချ
ခဲ့ပါသည်။ လက်နက်ချ အလင်းဝင်ကြောင်း လက်မှတ်ရေးထိုးပါက စည်းစိမ်ဥစ္စာ ရရှိနိုင်ပြီးဆေးကုသ
ပေးမည်ဖြစ် ကြောင်းပြောခဲ့သော်လည်း သူရဲကောင်း ဗိုလ်မှုးမောင်ကလေးက ပြန်လည်တုံ့ပြန်ခဲ့သည်
မှာ-

“ ဟေ့ကောင်မောင်လွင်- မင်းတို့ကို ငါသင်ပေးခဲ့တဲ့ စစ်ပညာထဲမှာ လက်နက်ချတာပါသ လား၊
မောင်ကလေးဟာ ဘယ်တော့မှ လက်နက်ချတဲ့လူစားမဟုတ်ဘူး ”

ပန်းနာ ရင်ကြပ် ရောဂါကို အလူးအလိမ့်ခံစားရသည်သာမက ကုတင် နှင့်တွဲပြီးလက်ထိပ် ခတ် ထားသော်
လည်းသူရဲကောင်း ဗိုလ်မှုးမောင်ကလေး၏ စိတ်ဓါတ်သည် လုံးဝမရိုင်လဲခဲ့ပါ။ ဒိပြင်မဆုံးခင်ဆေးရုံကုတင်
ပေါ်တွင် လက်ထိပ်တန်းလန်းဖြင့်ပြောခဲ့သော စကားများသည် ရာဇ၀င်တွင်မှတ်တမ်းတင်လောက်သော
သူရဲကောင်းတို့၏ စကားအဖြစ်ရှင် သန်လျှက်ရှိနေပါသည်။ ဗိုလ်မှုးမောင်ကလေးသည် ပုသိမ်ဆေးရုံ ၌ သူ့
အား စောင့်ကြပ်နေသော ရဲဘော်များအား ဂျုတ်တောင်းပြီး လက်ထိတ်ဖြုတ်ပေးရန် တောင်းဆိုခဲ့ပါသည်။
အစောင့်ရဲဘော်မှ လိုက်လျှောပေးသဖြင့် မိမိ၏ နောက်ဆုံးချိန်ကို သိနေသော ဗိုလ်မှုးမောင်ကလေးသည်
ဆံပင်၊ မျက်ခုံး အစရှိသည့် ကိုယ်ခန္ဓာရှိ အမွှေးများ အားလုံးကို ရိတ် ကာသူ၏ အဖြူရောင် အကျဉ်းသား
အင်္ကျီ ကို ပြန်ဝတ်ခဲ့ ပြီးအသက် (၆၂) နှစ်အရွယ်၊ မေလ ၁ရက် ၁၉၇၄ တွင် ပုသိမ်ဆေးရုံ၌ ကွယ်လွန်ခဲ့ပါ
သည်။

ဖူးဒို
စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၀
karenunited မှ ပြန်လည်ကူးယူဖေါ်ပြအပ်ပါသည်။

Wednesday, August 25, 2010

Sunday, August 15, 2010

မီးမုန်တိုင်း


bokalay-edited1

Friday, March 12, 2010

ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ


Peoples Parliament Law

ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ


National-Parliament-Law

Democratic Group Representing Karen People Calls on UN to Help Stop Attacks against Karen Civilians that have been occurring for Six Decades

By Michael Ireland

KAWTHOOLEI, BURMA -- The Karen National Union (KNU), is welcoming UN Secretary General Ban Ki-moon's expression of concern regarding new attacks on the Karen people.

However, in a media release, the group says they do not believe that this alone is an adequate response to the current crisis.

The Karen National Union (KNU) is a democratic organization representing the Karen people of Burma whose goal is peace and prosperity in a democratic federal Burma.

The KNU Mission Statement is "to establish a genuine Federal Union in cooperation with all the Karen and all the ethnic peoples in the country for harmony, peace, stability and prosperity for all."

Karen Christian women.

The Karen are a nation with a estimated population of more than 7 million, with its own history, languages, and culture.

The Karen also have a rich culture spanning thousands of years, and by nature the Karens are peace loving people, who uphold high moral qualities of honesty, community, and loyalty.

The KNU says the Burmese dictatorship, known as the SPDC, is "systematically trying to destroy Karen culture."

The SPDC was originally known as State Law and Order Restoration Council (SLORC). It replaced the role of Burma Socialist Program Party (BSPP) and was a mainly cosmetic change. In 1997, SLORC was abolished and reconstituted as the State Peace and Development Council (SPDC).

The SPDC consists of the commanders of the service branches and of the regional military commands.

In a letter requesting the United Nations call on the Burmese State Peace and Development Council (SPDC) to stop attacks against Karen Civilians, the KNU says: "We would like to remind the Secretary General that these attacks have been taking place for more than 60 years, and that numerous requests and expressions of concern, and even resolutions from the United Nations General Assembly, and a Presidential Statement from the United Nations Security Council, have failed to halt these attacks and persuade the SPDC military dictatorship to enter into genuine dialogue."

The KNU letter "note(s) that a UN Special Rapporteur report on human rights in Burma has described the attacks by the SPDC Burmese Army against Karen and other ethnic peoples in eastern Burma as being in breach of the Geneva Conventions. They are, therefore, war crimes. We also note that at least two former Special Rapporteurs on human rights in Burma have said that human rights abuses by the Burmese Army taking place in eastern Burma should be investigated as potential crimes against humanity."

The group says the Secretary General's call for 'all concerned' to work towards a peaceful resolution "misrepresents the true situation in our country, and in so doing amounts to protecting the dictatorship, which is guilty of perpetrating these heinous attacks."

The KNU explains that what is happening in Karen State is "not a civil war with two sides fighting each other.

"The reality is that the Burmese Army is attacking and deliberately targeting civilians, and this has been verified by the United Nations' own reports. The KNU cannot end hostilities as we are not engaged in active hostilities against the regime. Our soldiers in the Karen National Liberation Army (KNLA) are protecting civilians from attack and providing humanitarian assistance."

The KNU letter goes on to say: "We have repeatedly tried to enter into dialogue for a peaceful resolution of the problems in Burma. The dictatorship refuses to enter into genuine dialogue, and instead demands what amounts to a total and unconditional surrender that would lead to an increase in human rights abuses against Karen people.

"It is time for the United Nations Secretary General to lay blame where it belongs, and stop portraying the situation as if two sides of equal strength are in dispute. It is the military dictatorship and its proxy allies who are solely responsible for the attacks and abuses taking place in the Karen State. It is the military dictatorship, which refuses to enter into genuine dialogue and seek a peaceful solution to the problems in Burma."

In conclusion, the KNU says: "We would like to request earnestly the Secretary General to use his good offices to apply real pressure on the dictatorship to end attacks against ethnic peoples, and enter into genuine dialogue with all stake holders, for national reconciliation and peace.

"He should also seek a resolution from the United Nations Security Council to reinforce this effort."

Log-on to www.karennationalunion.net for more information.

Thursday, March 4, 2010

ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ဇိုယာဖန်း ရွေးချယ်ခံရ


4/3/2010

မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ လူငယ်တဦး ဖြစ်တဲ့ မဇိုယာဖန်းကို ကမ္ဘာ့စီးပွားရေး ဖိုရမ်ကနေ Young Global Leaders လို့ခေါ်တဲ့ ကမ္ဘာ့လူငယ်ခေါင်းဆောင် တဦးအဖြစ် အသိအမှတ်ပြုပြီး ရွေးချယ် လိုက်ပါတယ်။ ရွေးချယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်သန်းပြီး လူငယ်အ များအပြားထဲကမှ အခုလို ဂုဏ်ပြုရွေးချယ်ခံခဲ့ရတဲ့ မဇိုယာဖန်းကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကမ္ဘာ့ လူငယ်ခေါင်းဆောင်တဦးအဖြစ် ဂုဏ်ပြုရွေးချယ်ခံရတဲ့ စာရင်းထဲမှာပါဖို့ ပဏာမအဆင့်မှာ အသက် ၄၀ ကနေအောက် လူငယ်ပေါင်း ၅,၀၀၀လောက် အမည်စာရင်း တင်သွင်းခံခဲ့ရပြီး နောက်ဆုံး ဆန်ခါတင်အဖြစ် နိုင်ငံပေါင်း ၇၂ နိုင်ငံက လူငယ်ခေါင်းဆောင် ၁၉၇ ယောက်ထဲမှာ မဇိုယာဖန်း ပါဝင်ခဲ့တာပါ။

ရွေးချယ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကလည်း စည်းမျဉ်းစည်းကမ်း တင်းကျပ်လှပြီး အမည်စာရင်း တင်သွင်းခံရ သူတွေကို အမေရိကန်နိုင်ငံက Heidrick & Struggles ဆိုတဲ့ သုတေသန ကုမ္ပဏီက ပထမအဆင့် အသေးစိတ် စိစစ်ပါတယ်။ ရွေးချယ်ရေး လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်မှာ ဂျော်ဒန်ဘုရင်မ ရာနီယာ အယ်လ် အဗ္ဗဒူလာ (Rania Al Abdullah) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကမ္ဘာတ၀န်း သတင်းမီဒီယာ လောကထဲက ထင်ရှားတဲ့ ခေါင်းဆောင်တွေ ပါဝင်တဲ့ ရွေးချယ်ရေးအဖွဲ့က ဆန်ခါတင် လူငယ်ခေါင်းဆောင်တွေကို ရွေးချယ်တာ ဖြစ်ပါ တယ်။

ကမ္ဘာ့ဒေသကြီး ၇ ခုက လူငယ် ၂၀၀ နီးပါးနဲ့အတူ ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် မြန်မာနိုင်ငံကနေ ရွေးချယ်ခံရတဲ့အပေါ် သူခံစားရတဲ့ အဓိပ္ပာယ်ကို မဇိုယာဖန်းက အခုလို ပြောပြပါတယ်။

“အဓိက ကျမတို့ မြန်မာပြည်မှာ လှုပ်ရှားနေတဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး၊ ပြီးတော့ တိုင်းရင်းသား လူနည်းစုတွေ အားလုံးအရေးအတွက်ပေါ့နော်၊ အဲဒါ ဒီကမ္ဘာ့စီးပွားရေး ခေါင်းဆောင်တွေက ကျမတို့ရဲ့ လှုပ်ရှားမှု တွေကို အသိအမှတ် ပြုတယ်လို့ ကျမက ယူဆပါတယ်။ နှစ်တိုင်း သူတို့ရွေးတာကတော့ ၂၀၀လောက် ရွေးပါ တယ်။ ဒီနှစ်ကျတော့ ၁၉၇ ယောက် ရွေးဖြစ်ပါတယ်။ နောက်ဆုံးရွေးတဲ့အချိန်မှာ ကျမလည်း ပါသွားတယ်ဆို တော့ ကျမ အင်မတန်ကို ၀မ်းသာမိပါတယ်။”

ဒီလို ဂုဏ်ပြုရွေးချယ် ခံရတဲ့အတွက် မဇိုယာဖန်း ရှေ့ဆက်လုပ်သွားမယ့် လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေမှာ ဒီဆုရဲ့ အကျိုးသက်ရောက်မှု၊ အထောက်အပံ့ဖြစ်မှု ဘယ်လောက်ထိရှိမယ်လို့ မျှော်လင့်ထားပါလဲခင်ဗျ။

“ဟုတ်ကဲ့၊ ပထမအဆင့်ကတော့ မြန်မာပြည်အရေးကို မြန်မာပြည်အကြောင်း တခါမှ မသိဘူးတဲ့လူတွေ ပိုပြီး တော့ စိတ်ဝင်စားလာမယ်၊ ဒီ World Economic Forum ကနေ တဆင့်ပေါ့နော်။ ပြီးတော့ ဒုတိယအဆင့် ကျတော့ ကျမက ဒီ ကျန်တဲ့ အခြား လူငယ်ခေါင်းဆောင်တွေနဲ့ တွဲပြီးတော့ သူတို့လည်း မြန်မာပြည်အရေးကို ပိုမိုပြီးတော့ စိတ်ဝင်စားလာအောင် သူတို့ကဏ္ဍအနေနဲ့ တခုခု လှုပ်ရှားပေးနိုင်ဖို့ ကျမ ဆက်လက်ပြီးတော့ သူတို့ နဲ့ တွဲပြီးတော့ လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ်။

“ပြီးတော့ တဆက်တည်းမှာပဲ သူတို့ နှစ်တိုင်းလုပ်နေတဲ့၊ ကျင်းပနေတဲ့ သူတို့ရဲ့ အစည်းအဝေးကြီးတွေပေါ့နော်၊ ကျမ တက်ရောက်ပြီးတော့ မြန်မာပြည်အကြောင်းကိုလည်း ဆွေးနွေးခွင့်ရရင် ကျမ ဆက်လက်ပြီးတော့ အဲလိုမျိုး သွားပြီး မြန်မာပြည်အရေးကို တင်ပြမှာ ဖြစ်ပါတယ်။”

မဇိုယာဖန်းက လူငယ်တယောက်အနေနဲ့ အခုလို ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေါင်းဆောင်တွေက ဂုဏ် ပြု ရွေးချယ်လိုက်တဲ့အတွက် မြန်မာနိုင်ငံက လူငယ်ထုပေါ့နော်၊ မဇိုယာဖန်းလို လူငယ်တွေ ဒီလိုမျိုး ကမ္ဘာ့စင်မြင့် ပေါ်မှာ နောက်ပိုင်း ဂုဏ်ပြု ချီးမြှောက်ခံလာရနိုင်တဲ့ အလားအလာကိုရော မဇိုယာဖန်း ဘယ်လို သုံးသပ်မိပါလဲ။

“ဟုတ်ကဲ့၊ ကျမတို့ တိုင်းပြည်မှာက လူငယ်အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ ပြီးတော့ ကျမတို့ လှုပ်ရှားမှု ဘက်မှာ ကြည့်မယ်ဆိုရင် ထူးချွန်တဲ့ လူငယ်ပေါ့နော်၊ အဓိက အမျိုးသမီးတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ တိုင်းပြည်က အခုလက်ရှိ အခြေအနေပေါ်မှာ ကြည့်ရရင်တော့ နိုင်ငံတကာဘက်မှာ သူတို့ ဒီလိုမျိုး ဂုဏ်ပြုပြီးတော့ ဒီလိုမျိုး အသိအမှတ်ပြုတာတွေ နည်းသေးတယ်လို့ ကျမမြင်ပါတယ်။ တခြားနိုင်ငံထက် စာရင်ပေါ့နော်။ အဲဒါကြောင့် ကျမတို့ မြန်မာပြည်ကလာတဲ့ လူငယ်တွေ ဆက်လက်ပြီးတော့ ကြိုးစားရမယ်၊ ကျမတို့ ကြိုးစားပြီးတော့ လုပ်သလို အကျိုးသက်ရောက်မှုတွေလည်း ကျမ တဖြည်းဖြည်း မြင်လာရပါတယ်။

“အဲဒါကြောင့် ပြည်တွင်းထဲက ရှိတဲ့လူငယ်တွေ အားလုံး ကျမ အားပေးချင်ပါတယ်။ ကျမတို့ တိုင်းပြည်အတွက် ပေါ့နော်၊ ကျမတို့ တတ်နိုင်တဲ့ကဏ္ဍ ဖြစ်ဖြစ်ပေါ့နော်၊ ကျမတို့ ဆက်လက်ပြီးတော့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အ ရေး၊ ပြီးတော့ တိုင်းရင်းသားတွေ အားလုံး စစ်အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်နိုင်ဖို့ အတွက်ပေါ့ နော်၊ ကျမတို့ အတူတူ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ကျမ အမြဲတမ်း ကြိုးစားနေမှာ ဖြစ်ပါတယ်။”

၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ရွေးချယ် ဂုဏ်ပြုခံခဲ့ရသူ မဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ လူငယ်ခေါင်းဆောင်တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ အရပ်ဘက် လူမှုအဖွဲ့အစည်း၊ ပညာရှင်၊ ယဉ်ကျေးမှု၊ အနုပညာ စတဲ့ နယ်ပယ်စုံက ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပါဝင်တဲ့ အရှေ့အာရှ ဒေသကနေ ဒီနှစ်အတွက် ၄၃ ယောက် ရွေးချယ်ခံရပြီး ASEAN အရှေ့တောင်အာရှ နိုင်ငံတွေထဲက ဆိုရင်တော့ မြန်မာနိုင်ငံ အပြင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က လူငယ်တွေ ရွေးချယ်ခံရပါတယ်။ ဒီထဲမှာမှ စင်ကာပူနိုင်ငံက လူငယ် ၄ ယောက် ရွေးချယ်ခံရပြီး အများဆုံး ဖြစ်ပါတယ်။

မဇိုယာဖန်းဟာ လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တဦးဖြစ်သူ ဖဒို မန်းရှာလဖန်းရဲ့ သမီးတဦးဖြစ်ပြီး လက်ရှိမှာတော့ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဆောင် နေသူ ဖြစ်ပါတယ်။

VOA သတင်းမှကူးယူဖေါ်ပြထားပါသည်။

Monday, February 8, 2010


Microsoft Word - lerpawhel_Feb 5_ 2010 _ -

နော်လွီဇာဘင်ဆင် (၀ါ)ကရင်အမျိုးသားတို့ ရဲ့  ငွေကြယ်တပွင့်

မယ်ဗမာတဦးလည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်တဦးလည်းဖြစ်၊ မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ နော်လွီဇာဘင်ဆင် (၆၉)နှစ်ဟာ ဖေဖော်ဝါရီလ ၂ရက်နေ့၊ မွန်းလွဲပိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဦးဏှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ကရင်လူမျိုးအတော်များများကတော့ နော်လွီဇာဘင်ဆင်ကို မယ်ဗမာတဦး၊ ရုပ်ရှင်သရုပ်ဆောင်တဦးဆိုတာထက် မြန်မာ ပြည် ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးကို တက်ကြွစွာ လှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးလို့ပဲ အသိများကြပါတယ်။
Silver Star of Karen Naw Louisa Benson(img)နော်လွီဇာဘင်ဆင် ကိုယ်တိုင်ကလည်း ကရင်အမျိုးသားတွေရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေးနဲ့ မြန်မာပြည် ဒီမိုကရေ စီအရေးအတွက် သူမ တတ်နိုင်တဲ့ဘက်က လှုပ်ရှားဆောင်ရွက်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားသူပါ။

နော်လွီဇာရဲ့ ဘ၀ကောက်ကြောင်းတွေကို ပြန်ပြောင်းကြည့်ရင် မိဘတွေက ကြွယ်ဝချမ်းသာကြပါတယ်။ ပေါ်တူဂီနိုင်ငံသား ဖခင်နဲ့ ကရင်လူမျိုး မိခင်က မွေးဖွားလာတဲ့ နော်လွီဇာဟာ ရုပ်ဆင်းအင်္ဂါ ချောမောလှပသူပါ။ ၁၉၆၅ ခုနှစ်မှာ မယ်ဗမာဖြစ် လာပြီး အဲဒီအချိန်ကစလို့ ရုပ်ရှင်လောကထဲကို ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၅၆-၆၀ ကာလတွေဟာ နော်လွီဇာ နာမည်ကျော်ခဲ့တဲ့ ကာလတွေပဲလို့ နော်လွီဇာရဲ့ခေတ်ကို မှီခဲ့သူတွေက ပြောကြပါတယ်။

နော်လွီဇာကိုယ်တိုင်ကတော့ နာမည်ကျော် လူသိများတဲ့ဘ၀ထက် ရိုးစင်းတဲ့ဘ၀တခုကိုပဲ ပိုင်ဆိုင်ချင်ခဲ့တာပါ။ နိုင်ငံခြားမှာ ဘွဲ့တခုရအောင် ပညာသင်မယ်။ ပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းမယ်ဆိုတဲ့ စိတ်ကူးလည်း နော်လွီဇာမှာ ရှိခဲ့ဖူးပါတယ်။ ဒီစိတ်ကူးတွေကို နော်လွီဇာ ကြိုးစားပြီး အကောင်အထည် ဖော်ခဲ့ပါသေးတယ်။ နော်လွီဇာဟာ သူမစိတ်ကူးအတွက် အမေ ရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာ ပညာသင်ကြားခဲ့ပါတယ်။ ဘွဲ့ရလို့ မြန်မာပြည် ပြန်ရောက်လာတော့ ရုပ်ရှင်လော ကထဲကို ခြေဦးမလှည့်တော့ဘဲ တက္ကသိုလ်မှာ နည်းပြဆရာမအလုပ်ကိုပဲ နော်လွီဇာ လုပ်ခဲ့ပါတယ်။

အေးအေးချမ်းချမ်း၊ ရိုးရိုးစင်းစင်းပဲ ဘ၀ကို လျှောက်လှမ်းမယ်လို့ စိတ်ကူးရှိပေမယ့် နော်လွီဇာရဲ့ဘ၀မှာ မထင်မှတ်တဲ့ အ လှည့်အပြောင်းတခုနဲ့ ကြုံခဲ့ရပါတယ်။ ဒါကတော့ ကေအဲန်ယူ တပ်မဟာ(၅)က ဗိုလ်မှူးလင်းထင်နဲ့ အကြောင်းပါခဲ့ရာက စခဲ့တာပါ။ အဲဒီနောက်မှာတော့ နော်လွီဇာဘ၀မှာ အလှည့်အပြောင်းတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။

“အဲဒီအချိန်ကစပြီး ကရင့်တော်လှန်ရေးအကြောင်းကို ကျမ ပိုပြီး သိခဲ့ရတယ်။ ကရင်လူမျိုးတွေ ကြုံတွေ့ခံစားနေရတာ တွေကိုလည်း ကျမ ပိုပြီး သဘောပေါက်လာတယ်။ ကိုယ့်လူမျိုးတွေ ဒုက္ခဆင်းရဲ ခံစားနေရတာကို တွေ့ရတော့ ကျမ စိတ် ထဲမကောင်းဘူး။ ကျမနိုင်သလောက် ကူညီလုပ်ပေးချင်တဲ့စိတ်တွေ ရင်ထဲမှာ ဖြစ်ပေါ်လာတယ်”လို့ နော်လွီဇာဘင်ဆင်က သူ့ဘ၀ အချိုးအကွေ့တခုက ရလာတဲ့ အမျိုးသားရေးချစ်စိတ်ကို ကျမကို ပြန်ပြောင်း ပြောပြဖူးပါတယ်။

ဗိုလ်မှူးလင်းထင် ဆုံးပြီးနောက်မှာ နော်လွီဇာဟာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာပါတယ်။ ရေစက်မကုန် တော့ ဘော်စတွန်မှာ ကျောင်းတက်တုန်းက မေတ္တာမျှခဲ့တဲ့ ရည်းစားဦး အမေရိကန်နိုင်ငံသားနဲ့ ပြန်ဆုံတွေ့ပြီး နော်လွီဇာ နောက် အိမ်ထောင်ထူထောင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့အချိန်ကစပြီး မြန်မာ့အရေးအတွက် နော်လွီဇာ ကြိုးပမ်းခဲ့ပါတယ်။ အိမ်ထောင် ဖက်ဖြစ်သူကလည်း နော်လွီဇာရဲ့ ခံစားချက်နဲ့၊ နော်လွီဇာရဲ့ ဆောင်ရွက်မှုတွေကို နားလည်မှု အပြည့်အ၀ ပေးခဲ့တယ်လို့ နော်လွီဇာက ပြောဖူးပါတယ်။

မြန်မာ့နိုင်ငံရေး၊ မြန်မာပြည်သူတွေနဲ့ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို နိုင်ငံတကာက စိတ်ဝင်တစားရှိလာဖို့နဲ့ ကူညီဆောင်ရွက်နိုင်ဖို့အတွက်လည်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ မြန်မာ့အရေး ကြားနာပွဲတွေ ဖြစ်ပေါ် လာအောင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့အတူ နော်လွီဇာ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။

ကေအဲန်ယူရဲ့ အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုရဲ့ ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ နော်လွီဇာဟာ တောတွေတောင်တွေထဲက တော်လှန်ရေးနယ်မြေဒေသ ဆွေးနွေးပွဲတွေမှာလည်း တက် ကြွစွာ ဆွေးနွေးအကြံပေးခဲ့သူပါ။ အနေအထိုင် ကျစ်လစ်နှိမ့်ချပြီး တော်လှန်ရေးရဲဘော်တွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေ ကိုလည်း ရင်းနှီးနွေးထွေးစွာ အားပေးပြောဆိုတတ်သူပါ။

နော်လွီဇာခေတ်ကို မှီခဲ့၊ နော်လွီဇာကို Crazy ဖြစ်ခဲ့ဖူးတဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့က နော်လွီဇာဘင်ဆင်ကို သူတို့ ခေတ်ရဲ့ ကြယ်တပွင့်လို့ တင်စားပြောဆိုကြသလို မျက်မှောက်ခေတ် ကရင်လူမျိုးတွေကလည်း ကရင်တိုင်းရင်းသားအရေး သာမက မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ ဘ၀တူ တိုင်းရင်းသားများရဲ့အရေးကို နောက်ဆုံးထွက်သက်အထိ ကြိုးပမ်း ဆောင်ရွက်သွားခဲ့တဲ့ နော်လွီဇာဘင်ဆင်ကို ကရင်အမျိုးသားတို့ရဲ့ ငွေကြယ်တပွင့်လို့ စူးနစ်စွာ ယုံကြည်ပြီးတော့ အမြဲ သတိတရ ရှိနေအုံးတော့မှာပါ။

ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ (၃)ရက်၊ ၂၀၁၀ခုနှစ်။
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)