Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Friday, February 14, 2014

လူကိုခွေးသတ်တယ်

14-02-2014
မန်းရှာစလားဖန်း
=========

မန်းရဲ့ ကောင်းကင် မန်း ခြယ်သခဲ့တယ်
မန်းရဲ့ သမိုင်း မန်း ရေးခဲ့တယ်
မန်းရဲ့ လူမျိုး မန်း ချစ်ခဲ့တယ်
ဒါပေမယ့်..........
မတန်မရာဖြစ်ဖွယ် မန်း ကြွေလွင့်ခဲ့ရတယ်......

Thursday, May 9, 2013

မေ န နို င် လို့  ထ ေ ရ း တဲ့ က ဗ် ာ

9-5-2013

မ ေ န နို င် လို့  ထ ေ ရ း တဲ့ က ဗ် ာ
ေ အ ာ င္ ေ ၀ း

မနေနိုင်လို့ ထရေးတဲ့ကဗျာ
နေနိုင်သူတွေ မဖတ်နဲ့။

တနေ့ တနေ့
မီးလောင်ဗုံးနဲ့
အဓိကရုဏ်းနဲ့။

Sunday, January 20, 2013

မြင့်မြတ်တဲ့ ခေါင်းဆောင်ကောင်း (ကဗျာ)

20/01/2013
မြင့်မြတ်တဲ့ ခေါင်းဆောင်ကောင်း (ကဗျာ)
(လင်္ကာဒီပ)
တစ်ဘူတာလည်း..ဒါ
နှစ်ဘူတာလည်း….ဒါ

Sunday, June 17, 2012

ဆက်ဆံရေးရုံး အလိုမရှိ
(လင်္ကာဒီပ)
ခါချဉ်ကောင်လိုအံတင်း
မာန်သွင်းအော်နေခြင်းမဟုတ်
ပြင်းပြတဲ့မျှော်လင့်ခြင်းအလင်းရောင်ဖြူ
ဒေါကလူကစခဲ့တဲ့ခရီး
မုန်းတီးဖွယ်လူမျိုးရေးပဋိပက္ခအသွင်မဆောင်
နေရောင်လရောင်ထွန်းတဲ့ပြည်ထောင်
ညီနောင်တွေလူတန်းစေ့ဖို့
ကိုယ့်မူကိုယ်ပြည်သူ
တူညီကိုယ်ပိုင်ပြဌာန်းခွင့်အရေး
စတင်မွေးဖွားပျိုးထောင်လာခဲ့အမျိုးသားရေး
နင်…လေးလေးနက်နက် သိထားသင့်ပါတယ် ပူစူးမ။

Monday, May 21, 2012

ကွက်ကြားမိုး

ကွက်ကြားမိုး
(လင်္ကာဒီပ)
ညီလေးရေ…..
ယမ်းသံဆိတ် ကွက်ကြားမိုးရွာနေတာက
စေတနာမမှန်တဲ့အထာ
သာယာမယ့် ငြိမ်းချမ်းရေးလမ်း
ပန်းတိုင်အစစ်အမှန်မဟုတ်ဘူး
အရူးထ အသွင်ကူးပြောင်းပုံရိပ်များ
မှုန်ဝါးဝါး ရေးရေးထင်
ရင်ခွင်မသစ် ရင်ခွင်မစစ်
ကျွန်ဖြစ် နွံနစ်မယ့် တံလျပ်များပေပေါ့။

Friday, February 24, 2012

ယနေ့သတင်းခေါင်းစဉ်များ

Posted: 22 Feb 2012 02:03 AM PST
ယနေ့သတင်းခေါင်းစဉ်များ

ပိဿာလေးဟာ ရွယ်ရင်းရွယ်ရင်း ဘေးကို ခြေပစ်လက်ပစ်ကျသွားပါပြီ
အဆီလျှော့စားခြင်း ဓလေ့စရိုက်မှာ စားရမှာလည်း အဆီတဝင်းဝင်းနဲ့
ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒမှာ ပစ်ရမှာလည်း သဲတရှပ်ရှပ်နဲ့



 

Tuesday, February 14, 2012

ချစ်သမီးသို့


ရေဆန်

သမီးရေ
ဂန္တ၀င်ခရီးမှာ
နေ့ခင်းကြောင်တောင်
နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ
မသိပါ၍
ရပ်နေသူများလည်း ရှိပါသည်။




Saturday, January 28, 2012

ချစ်သမီးသို့

ရေဆန်

သမီးရေ
ဂန္တ၀င်ခရီးမှာ
နေ့ခင်းကြောင်တောင်
နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ
မသိပါ၍
ရပ်နေသူများလည်း ရှိပါသည်။


Wednesday, November 9, 2011

ဂဒါဖီ သံဝေဂ

Maung Swan Yi 

နိုဝင်ဘာ ၈၊ ၂၀၁၁
အာဏာရှင်အပေါင်း
သူတို့ဦးခေါင်းမှာ
ရွှေသရဖူဆောင်းတော့
ခေါင်း ၁၀ လုံးမရှိ၊
ရှိတဲ့ခေါင်းနဲ့ မလုံလောက်
ခေါင်းပြတ်ချိန်ရောက်တဲ့ခါ
မလောက်မင၊ ချေးရငှားရရင်
ဘယ်သူမှ မငှား၊ သနားသူမရှိ

Monday, May 16, 2011

လှပတင့်ဝေ အမိကရင်မြေ


တော်လှန်အသိ ကမ္ဘာထိဝယ်
ရှေ့သို့ချီတက် အို…ရှည်ကြာခရီးဆက်
လိုရာပန်းတိုင် ရှေ့မဏ္ဍိုင်ဝယ်
ပေးလှူဆက်သက် ကရင့်ဇာနည်ရဲမက်

တရှိုက်သဲ့သဲ့ ငိုညည်းသံထွက်
လွှမ်းခြုံဝေယံ မိုးသို့ညံသည်
တုန်ဟီးကမ္ဘာ ထိုရွာတခွင်ဝယ်
အို..ဘယ်ဘ၀က၀ဋ်ကြွေး ရှိနေသေးဟု

အိုဘဲ့သင်က အစိုးရတဲ့
လူမျိုးကြီးမဟာ စစ်ဝါဒီတွေသာ
ကိုင်ဆုပ်ချုပ်နင်း ကျွန်သက်သွင်းလို့
တိုင်းပြည်ကဆင်းရဲ အို.. ဒုက္ခပင်လယ်ထဲ

ကရင်အပေါင်း လူရွယ်ကောင်းတို့
စည်းလုံးချိန်တန် လွတ်မြောက်ချိန်တန်ပြီ
ကျွန်ပြုလိုသူမှန်သမျှ လက်နက်ကိုဆွဲတော်လှန်ကြ
သို့မှသို့မှ..အမိကရင်ပြည်အလှ စဉ်တင့်ပမည်





Thursday, November 11, 2010

မှတ်ကျောက်တင်ခန်း

အခြေအနေ အချိန်အခါမှာ

နေသာတခါ၊ မိုးရွာတလှည့်ရှိမယ်။

ရဲရင် တိုက်ကြစမ်းကိုယ့်လူ

ရဲသူအတွက် အောင်ပွဲဘဲ

ငရဲဆိုတာမရှိဘူး။



ပဒေသာပင်မြေကမပေါက်နိုင်

ထိုင်ဆုတောင်းနေယုံမပြီးသေးလေ

မိုးကျရွှေကိုယ်တွေလည်းမရှိတဲ့ကမ္ဘာ

အကြောင်းရာတွေဟာလုပ်မှဖြစ်တဲ့အတွက်

အနီးကပ်စောင့်ကြည့်ယုံနဲ့မပြီး

လုံချည်ခြုံထဲက လက်သီး

အချည်းအနှီးသာဖြစ်တယ်။



သိက္ခာ၊ အာဏာ၊ ရာထူးတွေငဲ့နေလား

မှင်တက်နေတာလား၊ ကြောင်နေသလား

ဝေဝါးဝါးအတွေးအခေါ်ချော်ချော်

တော်လှန်ရေးမလုပ်စေချင်

“သေရင်မြေကြီး၊ ရှင်ရင်ရွှေထီး”

ဒီကန္တာ၊ဒီခရီး၊ ဒီမီး

အသည်းကြီးကြီး၊ ဇွဲကြီးကြီး

ရင်းနှီးမှဖြစ်နိုင်တယ်။



ဝါးလုံးခေါင်းထဲ “လ”မသာဘူး

ပခုံးပြောင်းတာဝန်တွေယူ

နှလုံးကောင်းသူတွေလာကြပြီ

ကိုးဒီသွေးတွေနီရဲစွာ

ထော့မဲပါမြေးတွေအမှန်ပင်မို့

မှတ်ကျောက်တင်ခံဖို့လိုနေပြီ။



(လင်္ကာဒီပ)

နိုဝင်ဘာ ၁၁၊ ၂၀၁၀

Monday, June 21, 2010

Happy Father's Day


Happy Father's Day

Happy Father's Day
A Dad is a person
who is loving and kind,
And often he knows
what you have on your mind.
He's someone who listens,
suggests, and defends.
A dad can be one
of your very best friends!


He's proud of your triumphs,
but when things go wrong,
A dad can be patient
and helpful and strong
In all that you do,
a dad's love plays a part.
There's always a place for him
deep in your heart.
And each year that passes,
you're even more glad,
More grateful and proud
just to call him your dad!
Thank you, Dad...
for listening and caring,
for giving and sharing,
but, especially, for just being you!
Happy Father's Day


Monday, May 31, 2010

ချစ်သောကော်သူးလေနှင့်အတူ

မေလ ၂၉၊ ၂၀၁၀

စောကျော်ခွီး

ချစ်သောကော်သူးလေနှင့်အတူ



အားမလျော့စတမ်း

ဇွဲစခန်း၊လမ်းမှာ

ကြမ်းတမ်းလောကဓံ၊ မျိုးချစ်မာန်စုစုနဲ့

အံတုတော်လှန်လာခဲ့ပေ

အို…..ကော်သူးလေရေ.။

ငိုချင်းရှည်၊ လွမ်းချင်းရှည်တွေနဲ့

ပျော်ပါးတွေဝေ

ငေးမနေသင့်တော့တဲ့အချိန်

လှောင်အိမ်စံဘဝတွေအတွက်

ငဲ့ကွက်တာဝန်တွေယူကြလေ။

အို…..ကော်သူးလေရေ……

သင့်ရဲ့ကြီးမားသမိုင်း

တစက်မရိုင်းစေရေး

ကော်သူးလေ ချစ်သူတွေ

ပေးဆပ်စွန့်လွှတ်နေကြပေ။

အို…..ကော်သူးလေရေ……

ချစ်သော တို့မျိုးဆွေတွေ

ပြစ်ပြောထိုးကျွှေးမနေဘဲ

စစ်သောမှန်တရားတော်လှန်ရေးမှာ

ပြန်လာကာရဲရင့်ကြရေး

နွေးထွေးလက်များကမ်းလို့

ဝမ်းပမ်းတသာကြိုဆိုနေကြပေ။

အို…..ကော်သူးလေရေ……

ကိုးဒီသွေးများစွာ

ကမ္ဘာမှာရှိနေသရွေ့လေ

ကေအဲန်ယူဆိုတာ

ကြယ်တာယာ၊လများထက်

ဝင်းလက်လို့ထွန်းနေမယ်လေ။

အို…..ကော်သူးလေရေ……

ကော်သူးလေဆိုတာ

“မိမိလူမျိုးကိုချစ်ပြီး သူတပါးကိုလေးစားသူ”

“ဒူးမထောက်တတ်သူ”

“အညံ့မခံတတ်သူ”

“အမှန်တရားအတွက်ရဲရင့်ကြသူ”

“အမှားကိုမြင် ဝန်ခံတတ်သူ”

“မျက်ကန်းမျိုးချစ်မဟုတ်သူ”

“မဟာလူမျိုးကြီးဝါဒမထားသူ”

ဂုဏ်ပုဒ်ဖြူအလီလီနဲ့

တည်ကြည်တဲ့သဘောဆောင်သည်

ညီနောင် ကော်သူးလေများသိကြစေ။ ။

(လင်္ကာဒီပ)

မှတ်ချက်။ ။ ကမ္ဘာအရပ်ရပ် ရှေ့နောက်တောင်မြောက် ဘယ်လိုပင်ဝေးကွာနေကြပေမဲ့ မိမိတမျိုးသားလုံးတို့၏ရှေ့ရေးကို အတူတကွ လာရောက် ဆွေးနွေးတိုင်ပင်ကြပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်လုပ်ဆောင်တတ်သောကော်သူးလေမျိုးချစ်များကိုလေးစားသမှုထားအပ်ပါသည်။ ကိုးဒီသွေးများပြန်လည်ဆုံဆည်းခဲ့သောမေလ(၁၇)မှ မေလ(၂၁)ရက်နေ့အထိ ကျင်းပခဲ့သော(၇)ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲကို ဤကဗျာလေးဖြင့်ဂုဏ်ပြုအပ်ပါသည်။

Saturday, January 16, 2010

တော်လှန်ရေးသစ္စာသည်သာ


ဓါတ်ပုံ-ကေအိုင်စီ

ညီငယ်တို့ရေ………
“ပြည်တွင်းစစ် အလိုမရှိ”
ကမ္ဘာသိရေး အစဉ်တွေးကာ
ကြွေးကြော်ချပြခဲ့သော်ညား
အာဏာပါးဝနေသူ
အုပ်စိုးသူ မဟာရူးတွေကြောင့်
ဆူးညှောင့်တွေကျော်ဖြတ်
ငါ..လက်နက်ကိုင်တော်လှန်ခဲ့ရတယ်။
တော်လှန်ရေးသမားလေ…….
သစ္စာတွေခိုင်ခိုင် လက်နက်ကိုင်ကာ
ပန်းတိုင်ကိုမရောက်မချင်း
ခရီးပြင်းနှင်နေတဲ့
ငါတို့ရဲ့စိတ်တွေ
အကြွေမလွယ်ခဲ့ပါဘူး။

ငြိမ်းချမ်းရေး လွတ်လပ်ရေး
မျှတရေး တန်းတူရေးတို့အတွက်
ရွေးစရာလမ်းက
တလမ်းထဲသာ ကျန်တော့တာမို့
ငါတို့…
ပထမနဲ့ နောက်ဆုံးထား
တရားသောစစ်ကိုဝင်
ဆင်နွဲခဲ့ရတာပါ အမောင်။

ညီငယ်တို့ရေ…………
တက်လမ်းတိုးလှစ်
မျက်ကန်းမျိုးချစ်တော့မဟုတ်ဘူး
ဇတ်လမ်း ချိုးပစ်ခံရ
မှတ်တမ်းချိုးညစ်ခံရတဲ့အခါ
ခုခံကာကွယ်ရေးတွေအတွက်
မျိုးဆက်တွေအတွက်
ပြေးထွက် ပေးဆပ်ခဲ့တာပါ အမောင်။
မုန်တိုင်းထန်ထန် လေ၊ ရေဆန်ထဲ
အမှန်သတိ သံမဏိစိတ်ထားရင်း
တစ်ဗိုလ်ဆင်း တစ်ဗိုလ်ခင်း
မပြိုယွင်း လမ်းစဉ်နဲ့
ကျွမ်းဝင်တဲ့အနစ်နာခံလို့
ငါတို့…..သစ္စာတော်လှန်ရေးကို ဆက်ခဲ့ကြပါတယ်။
သွေးကြွေးမယ်
ဆွေးနွေးစရာလိုသလား အမောင်
ညီနောင်သားချင်းအလား
သဘောထားတတ်ခဲ့ရင်
မကြားအပ်၊ မဖြစ်အပ်စရာ
ဒီကမ္ဘာမီးဟာ လောင်လာစရာအကြောင်းမမြင်
ဘုရင်ရူး၊ သခင်ရူး
အာဏာရူးတွေကိုတော်လှန်တဲ့လမ်းအမွန်
ညီရေ…..ကျွန်စိတ်မရှိရင်လိုက်ခဲ့ပါတော့။ ။

(လင်္ကာဒီပ)

မျိုးဆက်သစ်ကရင်လူငယ်များကို တော်လှန်ရေးသတိများ အစဉ်ရှိစေရန်နှင့်
ဒီတော်လှန်ရေးဟာလဲ အုပ်စိုးသူအစိုးရတို့၏ရွေးချယ်ပေးလိုက်သော အမှောင်
ဆုံးသောလမ်းဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေးမှအပ
ရွေးချယ်စရာမကျန်တော့သော ကရင်တမျိုးသားလုံး၏ဘဝနှင့်(၆၁)နှစ်မြောက်ကရင့်
တော်လှန်ရေးနေကို ဤကဗျာလေးဖြင့်ရေးသားစပ်ဆိုကာ
လေးစားဦးညွတ်ဂုဏ်ပြုအပ်ပါသည်။

Wednesday, January 13, 2010

KNU အပေါ် ကျွန်တော့်အမြင်နှင့် သဘောထား ဖူးဒို(ကရင်အမျိုးသားတဦး)

ဒီစာကတော့ Online ပေါ်မှာ ကရင့်ရေးရာဆွေးနွေးချက်များကိုဖတ်ပြီး ညီအကိုများနှင့်အတူ ပါဝင်ဆွေး
နွေးခြင်းဖြစ်ပါတယ်။

အားတက်သရော ၀ိုင်းဝန်းဆွေးနွေးကြတဲ့ နိုင်ငံတကာရောက်ကရင်ညီအကိုမောင်နှမများကို အထူးဘဲကျေးဇူးတင်ပါတယ်။
အထူးသဖြင့် ဒိုင်ခံဆွေးနွေးပေးကြတဲ့ ဝေါ်လီ၊ Hey၊ Lazy Boy၊ AZ၊ သောသီခို၊ ကညီသွံ၃်၊ ဝptimist ၊
Khu Khu၊ KK နှင့်ကျန်ညီအကိုများအားလုံးကိုလေးစားမိပါတယ်။
ထူးခြားမှုတစ်ခုကတော့ ကရင်အမျိုးသမီးများပါဝင်လာတဲ့အတွက် အရမ်းဝမ်းသာအားတက်မိပါတယ်။
Hey ရဲ့ Blog ကိုသွားလည်တော့သီချင်းနားထောင်ရင်း နှစ်ရှည်လများ ကရင်ဒေသနှင့်ဝေးနေရတဲ့ဘဝ
အတွက် အရမ်းဘဲခံစားရပါတယ်။

ဒီနေရာမှာ KNU KNLA နဲ့ပတ်သက်ပြီး ကျွန်တော့်ရင်တွင်းဖြစ် ခံစားချက်နှင့် သဘောထား အမြင်ကို
တင်ပြခွင့်ပြုဖို့ပန်ကြားအပ်ပါတယ်။
နအဖဟာ နိုင်ငံရေး (ပြည်တွင်း)မှာ NLD ကိုအကြီးဆုံးရန်သူ ဟု သတ်မှတ်ပြီး နိုင်ငံရေး စစ်ရေးမှာဆိုရင်
KNU ကို အကြီးဆုံးရန်သူလို့ သတ်မှတ်ပါတယ်။
နအဖစစ်တက္ကသိုလ်မှာ KNU နှင့်ပတ်သက်ပြီး ဆန်းစစ်ဖေါ်ပြချက်တစ်ခုမှာ တချိန်ကမြို့တော်ရန်ကုန်နှင့်
ဧရာဝတီတိုင်းအထိ စစ်ဆင်ရေးကစားနိုင်ပြီး သက်တမ်းအရှည်ဆုံးလက်နက်ကိုင်တော်လှန်ရေးအဖွဲ့
ဖြစ်သလို စစ်ရေးအတွေ့ကြုံရှိတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ဆွေးနွေးတာတွေ လေ့လာမယ်ဆိုရင် KNU ကိုနောက်ဆုံးထားပြီးမှ ဆွေးနွေးတာတွေ့ရပါတယ်။
နိုင်ငံတကာအမြင်မှာ မကောင်းတတ်လို့ အဖြစ်သဘောဆွေးနွေးခြင်းဖြစ်ပါတယ်။
တိုင်းရင်းသားစည်းလုံရေးကို ချစ်မြတ်နိုးလို့ဆွေးနွေးတာမဟုတ်ပါဘူး။
အဲဒီလိုမဆွေးနွေးခင် နှစ်အနည်းငယ်အတွင်းမှာဘဲ နိုင်ငံခြားစစ်သံမှုးတွေရှေ့မှာ KNU ကို (၃) နှစ်
အတွင်း အမြစ်ပြတ်တိုက်မယ်လို့ ကြေညာခဲ့ပါသေးတယ်။
အချို့နအဖ စစ်ဗိုလ်ချုပ်တွေတောင် “ နောင်ဆိုရင် ကရင်လူမျိုးကို ပြတိုက်ထဲမှာဘဲတွေ့ရတော့မယ်” လို့ပြည်သူတွေရှေ့မှာဂုဏ်ယူပြီး ပြောပါသေးတယ်။ ပြီးခဲ့တဲ့လအနည်းငယ်က KNU ရဲ့တပ်မဟာ (၇)
ကိုမတိုက်ခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို “ KNU နှင့်ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း၊ထိုင်းနိုင်ငံ
အနေဖြင့်၎င်းကိစ္စကိုဝင်ရောက်ကူညီရန် နအဖ ဥာဏ်ဝင်းမှတဆင့် မေတ္တာရပ်ခံခဲ့ပါတယ်” ထိုင်းနိုင်ငံ
အစိုးရကလည်း KNU ခေါင်းဆောင်တွေကိုခေါ်တွေ့ပြီး ငြိမ်းချမ်းရေးတွက်တိုက်တွန်းတယ်။
KNU ဖက်ကလည်း ဆွေးနွေးဖို့အသင့်ရှိကြောင်းပြောဆိုခဲ့ပါတယ်။ အဲဒါလည်း ပြီးရော တပ်မဟာ
(၇) ကို စစ်ထိုးတော့တာဘဲ။ ထိုင်းအစိုးရလည်း မျက်နှာပျက်ရတဲ့ ပြင် ကရင်ဒုက္ခသည် ၆၀၀၀ ကျော် ရဲ့ပြသာနာကို ဖြေရှင်းရတော့တာဘဲ။ ဒါဟာ နအဖ က KNUကို နည်းမျိုးစုံသုံးပြီးတိုက်တဲ့ သာဓက တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတာ မိတ်ဆွေတို့စဉ်းစားကြည့်ပါ။

ဒါဟာ KNU ရဲ့အရည်အချင်းသည် အတိုင်းအတာတစ်ခုထိ ရှိနေ တဲ့သာဓကဘဲ။ နောက်သာဓက
တစ်ခုကိုကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေစုစည်းပြီး ခေါင်းဆောင်
အနေနဲ့ဦးဆောင်နိုင်ခြင်းဟာ နအဖကိုအင်မတန်ခြောက်ခြားစေပါတယ်။
အဲဒီတုန်းက ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်တဲ့ထောက်လှမ်းရေးအဖွဲ့၊ စစ်မဟာဗျုဟာ လေ့လာရေးဌာန ၊ စိတ်ဓါတ်စစ်ဆင်ရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနများနှင့် နအဖ ဗိုလ်ချုပ်တွေ ခေါင်းခြင်းရိုက်ခဲ့ပါတယ်။ အဲဒီကထွက်လာတဲ့စကားတစ်ခွန်းကို ဗိုလ်ချုပ်ခင်ညွန့်က ကရင့်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြနဲ့ တွေ့တဲ့အချိန်မှာပြောခဲ့တယ်။
“ဖထီး ကရင်ဟာ ကရင်အတွက်ဘဲလုပ်ပါ။ ကရင်အတွက်ဘဲပြောပါ။အခြားလူမျိုးတွေအတွက်
မပြောပါနဲ့”
ဗိုလ်ချုပ်ခင်ညွန့်စကားရဲ့ရည်ရွယ်ချက်ကို တကယ်ဘဲမသိတာလား၊
မသိယောင်ဆောင်တာလားတော့မသိဘူး၊ အဲဒီစကားကိုထောက်ခံပြီးတော့လိုက်ပြောနေတဲ့
ကရင်ညီအကိုတွေရှိတော့ အရမ်းဝမ်းနည်းရပါတယ်။
“ဟုတ်တာပေါ့၊ ကရင်တွေဟာ သူ့ကိစ္စမှသူမနိုင်တာ အခြားလူမျိုးတွေအတွက်ပြောစရာမလိုဘူးလေ”

တဖက်ကကြည့်ရင် တခြားတော်လှန်ရေးအဖွဲ့က KNU ကိုလေးစားတယ်၊ ဦးဆောင်ဦးရွက်ပြုတာကို
လက်ခံတယ်၊ ဒါဟာ KNU အရည်အချင်းရှိလို့ဘဲ။ ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာက အခြားသော
ကရင်ညီအကိုတွေရဲ့မတူညီတဲ့အမြင် နဲ့ KNU ကို ပုတ်ခတ်နေခြင်းဘဲ။
တကယ်ဘဲမမြင်တတ်တာလား၊ ဒါမှမဟုတ် အခြားသောအကျိုးအတွက် မမြင်ဟန်ဆောင်တာလား၊ မိတ်ဆွေတို့ဘဲပြန်လည်သုံးသပ်လိုက်ပါ။ ညီအကိုတော်တစ်ဦးက “ အတိုက်ခံ” ဆိုတဲ့စကားလုံးနဲ့ ဆွေးနွေးထားတာတွေ့ရပါတယ်။ ဒါဟာ လွတ်လပ်တဲ့ဒီမိုကရေစီတိုင်းပြည်ထူထောင်တဲ့အခါ
မရှိမဖြစ်လိုအပ်တဲ့ တန်ဖိုးရှိဆောင်ရွက်မှုပါ။
ဒီမိုကရေစီ တိုင်းပြည်မှာ ကျင့်သုံးနေတဲ့ “ အတိုက်ခံ” ရိုးရာဓလေ့တစ်ခုကိုတင်ပြချင်ပါတယ်။
သြစထြေးလျရဲ့ပါလီမန်ကို ကြည့်ကြပါစို့။

ဘာလို့လဲဆိုတော့ ပါလီမန်အစည်းအဝေးအား အများပြည်သူကို လေ့လာခွင့်ပေးထားလို့ဘဲ။
အစည်းအဝေးထဲမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ညင်းခုံတာ၊ စကားနာထိုးတာ ကြောက်ဖို့ကောင်းတယ်။
အချေအတင်ညင်းခုံကြပြီး အစည်းအဝေးဆုံးဖြတ်ချက်ကိုဖေါ်ဆောင်တဲ့အချိန်မှာ အားလုံးတက်ညီ
လက်ညီအညင်းအခုံမရှိတော့ဘဲဆောင်ရွက်လေ့ရှိတယ်။
တစ်ဖွဲ့နှင့်တစ်ဖွဲ့ မိတ်မပျက်ဘဲ ကောင်းကောင်း မွန်မွန်ဆက်ဆံလေ့ရှိတယ်။ ဒါဟာ ကျွန်တော်တို့
ကရင်တွေအတုယူသင့်တဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။

ကျွန်တော်မသိသေးတဲ့ ကိစ္စတစ်ခုကိုမေးချင်ပါတယ်။ စစ်ဆင်ရေးကာလ၊ တော်လှန်ရေးကာလမှာ အဖွဲ့တစ်ဖွဲ့တည်းကအတိုက်အခံထားပြီး တော်လှန်ရေးတိုက်ပွဲအောင်မြင်ခဲ့တဲ့ နိုင်ငံရှိရင် ကျွန်တော်တို့
ကို ပြောပြစေချင်ပါတယ်။တကယ်မသိသေးကြောင်းဝန်ခံပါရစေ။

နိုင်ငံတကာရောက် ကရင်များနေနှင့် တော်လှန်ရေးနဲ့ပတ်သက်ပြီး KNU ကို အကြံအညံများပေးလေ့
့ရှိပါတယ်။ ဒါဟာ ၀မ်းသာစရာကောင်းပါတယ်။
ဥပမာတစ်ခုပေးရမယ်ဆိုရင် လူအများနေမယ့်အိမ်တစ်လုံးကို ၀ိုင်းဝန်းတည်ဆောက်တာနဲ့
တူပါတယ်။ KNU က ကျွန်တော်တို့နေဖို့ ကြိုးစားဆောက်နေတာပါ။
ဘာလို့ ဒီလိုပြောရသလဲဆိုရင် KNU ဟာ သူတို့ကိုယ်ကျိုးတွက်မဟုတ်ဘဲ တိုက်ပွဲဝင်နေခြင်းဖြစ်ပါတယ်။
သူတို့ ကိုယ်ကျိုးတွက် တိုက်နေတာဆိုရင် ငြိမ်းချမ်းရေးယူ စီးပွါးတွေလုပ်ပြီးကောင်းစားနေမှာဖြစ်တယ်။
တစ်ခုထူးခြားတာက တော်လှန်ရေးဆိုတဲ့ လူအများနေမည့်အိမ်ဆောက်ရာမှာ လူအများဆီမှလုပ်အားခ မရတာဘဲ။
အိမ်ဆောက်ရင်းနဲ့ ထိခိုက်ဒဏ်ရာရ၊ ဖျားနာရင်လည်းအဲဒီလူထုတွေက ဆေးကုပေးဖို့မရှိဘူး။
ဒ့ါပြင်လူထုတစ်ချို့က ဒီလိုဆောက်ပါလား၊ ဟိုလိုဆောက်ပါလားဆိုပြီး တစ်ယောက်တစ်မျိုးပြောတော့ အိမ်ဆောက်တဲ့လူက အလုပ်ဆက်လုပ်ဖို့ အခက်အခဲဖြစ်နေတယ်။
သူတို့မသိသေးတဲ့အကြံအညံကောင်းလာပေးလို့ဆောင်ရွက်နိုင်သလို အကြံအညံကောင်းဖြစ်ပေမဲ့ ပြောတဲ့အတိုင်းလိုက်ဆောက်ဖို့ပစ္စည်းမရှိတာနဲ့ လိုက်မလုပ်နိုင်တာလဲရှိနေတယ်။
တချို့ကျတော့လည်း လက်သမားလောက်တောင် အတွေ့အကြုံမရှိ၊ ဘာမှလည်းမကူညီဘဲနဲ့
အိမ်ဆောက်နေတဲ့ အင်ဂျင်နီယာကို ပြောဆိုအကြံပေးတာလည်းရှိတယ်။ တချို့ကလည်းမိမိဆီမှာ
ရှိတဲ့ အုပ်တစ်ချပ်သစ်တစ်ပိုင်း လာလှုတာလည်းရှိတယ်။
တချို့ကလည်း အိမ်ဆောက်တာ ဒီလောက်ဘဲလက်ရာညံ့သလားဆိုပြီး အကြံပေးသလိုလိုနဲ့ဝေဖန်
နေပါတယ်။ အများစုကတော့ ဘာမှမပြောဘူး၊၀ိုင်းလည်းမလုပ်ဘူး ပြီးမှဘဲတက်နေကြတာပေါ့ ဆိုပြီးမသိသလိုနေကြတယ်။
ဒါပေမဲ့ အိမ်ဆောက်နေတဲ့သူတွေဟာ အနေဆင်းရဲ၊ အစားဆင်းရဲဖြစ်နေတာကို သိနေတဲ့သူ
ရှိသလို၊ မသိတဲ့လူတွေလည်းရှိနေပါတယ်။
သို့သော်လည်းလူအများသတိမထားမိတာက လူတစ်ထောင်နေရမည့်နေရာကို လူတစ်ယောက်
အားနဲ့တည်ဆောက်နေခြင်းဘဲ
(လက်ရှိကရင်လူဦးရေ ÷ KNU အင်အားအရေအတွက် )။
ဒီဟာတွေကို မိတ်ဆွေတို့စဉ်းစားမိပါသလား။
ကျွန်တော်ရဲ့အဆိုပြုချက်ကို ကရင်လူမျိုးတွေအနေနှင့်စဉ်းစားသင့်ပါသလား။
KNU မှာရှိတဲ့ကျွန်တော်တို့ရဲ့ညီအကိုတွေဟာ ရှိသင့်တဲ့ဝန်တွေထက်ပိုပြီး မနိုင်ဝန်ထမ်းနေရလို့ ရှိသင့်သလောက်ခရီးမပေါက်ဖြစ်နေတာမိတ်ဆွေတို့ သတိထားမိရဲ့လား။
တချို့တွေဆို ညှပ်ဖိနပ်စီးပြီးစစ်တိုက်နေရသလို၊ ပလပ်စတစ်တစ်ပိုင်းကို မိုးကာအနေဖြင့်သုံးပြီး
မိုးမလုံလေမလုံ တစ်ညလုံးမိုးရေထဲမှာငုတ်တုတ်ကင်းစောင့်နေရတဲ့ အနေဆင်းရဲအစားဆင်းရဲ
ဘ၀အတွက် သူတို့ကိုအပြစ်တင်ချင်ပါသလား။
နိုင်ငံတကာ ထောက်ပံ့ကြေးလည်းမရှိ၊ ပြည်သူတွေကလည်းမထောက်ပံ့ဘဲနှင့် KNU ဘယ် လို စခန်းသွားနေရတယ်ဆိုတာ ကျွန်တော့်ကရင်ညီအကိုများစဉ်းစားပြီး ကိုယ်ချင်းစာဘူးပါသလား။
အနှစ် (၆၀) ကျော် အလံမလဲ လှေမမြုပ်ဘဲခရီးကြမ်းနှင်ခဲ့တဲ့ KNU ကို နိုင်ငံတကာ အကြမ်းဖက် သမားစာရင်းထဲမထည့်ဘဲ နိုင်ငံတကာက လေးလေးစားစားဆက်ဆံပြီး အခြားတော်လှန် ရေးအဖွဲ့၊တခြားလူမျိုးတွေက လေးစားနေတဲ့ KNU အဖွဲ့ကို ကျွန်တော်တို့ ပြည်ပရောက်ကရင်ညီအကိုတွေကဘာလို့ ဝေဖန်ပုတ်ခတ်ချင်ကြတာလဲ ???
အပြုသဘောဆောင်ဆွေးနွေးချက် နဲ့ အဖျက်သဘောဆောင် ဆွေးနွေးချက်ကို ခွဲခြားတတ်ဖို့အရမ်း
အရေးကြီးသလို တော်လှန်ရေးကာလကို တည်ဆောက်ရေးကာလနဲ့ ခွဲခြားတတ်ဖို့လိုပါတယ်။

လစာမရ ဆင်းရဲနေတဲ့ ကျွန်တော်တို့ ရဲဘော် ဘ၀အတွက် KNU ခေါင်းဆောင်တွေ အသုံးမကျတာလား၊ ဒါမှမဟုတ် ကျွန်တော်တို့ကရင်ပြည်သူတွေတာဝန်မဲ့တာလားဆိုတာ အလေးအနက်ထားပြီးစဉ်းစားစေချင်ပါတယ်။

နားလည်ခြင်းမှ ညီညွတ်ခြင်းသို့၎င်း

ညီညွတ်ခြင်းမှ ပန်းတိုင်ဆီသို့၎င်း

ချီတက်အောင်ပွဲယူကြပါစို့လား။

ချစ်သော

ဖူးဒို (ကရင်တိုင်းရင်းသား)

ဒီစာကြောင်းလေးတွေကို http://www.karenunited.com/ မှ တိုက်ရိုက်ကူးယူဖေါ်ပြပါတယ်။

Friday, January 1, 2010

နှစ်သစ်အားမာန်

ခေါင်ဆူ.လိုင့်

ကန္တာရခရီးကြမ်း လျှောက်ရင်း
လမ်းမပျောက်ဘဲ ရေငတ်နေတဲ့ ငါ
စမ်းရေတပေါက် တွေ့သောက်မိတော့
ပေါ့ပါးရွှင်လန်း ဆန်းစစ်မိခဲ့
ရှေ့ဆက်မဲ့ ခရီးသစ်ကို
နှစ်သစ်မှာ အကြံသစ်တွေနဲ့
ခွန်အားမာန်အပြည့်မို့
ရန်စွယ်ကျော်လွှားဖို့ အသင့်တွေး
ရွေးကောက်ပွဲမတိုင်ခင်
လေး၊ မျှားတံ တင်ကြပါစို့လား…။

Friday, October 16, 2009

သူပုန်လေးတယောက်အကြောင်း

မြူတွေဆိုင်းပြီး
လှချင်တိုင်းလှနေတဲ့
ဒေါနတောင်ခြေ ရွာငယ်လေးက
အသက်အငယ်ငယ်နဲ့ သူပုန်ဖြစ်ခဲ့ရတဲ့ ကျနော်
ဘ၀ပေးအသိနဲ့
တော်လှန်သူတွေကို ချစ်တယ်
တော်လှန်ရေးကြီးကို ချစ်ခဲ့တယ်။

မသိစိတ်မှာ ကြောက်စိတ်တွေသာ ကြီးစိုးပေမယ့်
သိစိတ်မှာ တစစီကြေမွသွားအောင် … ။

မိုးတည
တောင်ယာတဲဝမှာ
အရိပ်မဲတွေ ထိုးကျခဲ့တယ်
အပါးကို သွေးစိမ်းရှင်ရှင်ကျ အသားတွေ အထပ်ထပ်မွန်း
အမိုးကို ဘက်နက်ပြ အလှည့်ကျ စနစ်နဲ့ …
ကျနော်ကျတော့ ရှင်လျှက်နဲ့ သေခဲ့ရပေါ့။
တကောင်ကြွက်
အဖော်မဲ့ဘ၀ ဖြစ်အောင်
အိပ်မက်နဲ့ အတွေးတွေကြား
တုန်လှုပ်ခြောက်ခြားနေရအောင်
ဝတ်စုံတွေမြင်တိုင်း
ပုန်းအောင်းနေတတ်အောင်
သေနတ်နဲ့ ဘက်နက်မြင်တိုင်း
သွေးပျက်ထိတ်လန့်နေရအောင်
ရူးသွပ်သူ တစုက
ကျနော့်ငယ်ဘ၀ကို
မညှာမတာ ချေမွခဲ့ကြတယ်။

တသသ
အမှတ်တရ ပန်းချီကား
အမိုးနဲ့အပါး အချစ်ဆုံးသား ကျနော်
အဖော်က မိုးမခ
ဒေါနတောင်တန်းကြီးနဲ့
မြူတလှည့် မိုးတလှည့်
စိုလက်နေတဲ့ တောင်ယာတွေ
တံပိုးသံနဲ့ ရိုးရာတေး
ကျောက်ဆောင်ကြားက ငါးလေးတွေ

သစ်သီးတွေစား လှည့်စားတတ်တဲ့ ရှဥ့်ငယ်တွေ
တတောလုံးမွေး တတောင်လုံးသင်း
ပွင့်ချင်တိုင်းပွင့်နေတဲ့ ပန်းရိုင်းတွေ
တခါတခါ ပြည့်ပြည့်၀၀
တခါတခါလည်း မပြည့်မဝ
ဒါပေမယ့်
အမြဲတမ်းရှင်းသန့်နေတဲ့ လရောင်တွေ
ကျနော် …
သူတို့နဲ့ဘဲ ပျော်ခဲ့ရတယ်။

တောင်ယာတွေကို သိပ်ချစ်လို့
သူပုန်ဖြစ်ခဲ့ရသူဆိုရင်
သင်တိုင်းဖြူမက လွဲလို့ …

ကျနော်ကတော့
တော်လှန်သူဘ၀ကို
နောက်ဆုံးထွက်သက်ထိ ချစ်နေပါဦးမယ်။ ။

ခိုင်မာကျော်ဇော

ခိုင်မာကျော်ဇော၏ ပလိုင်းအိမ်နှင့်လူ့အခွင့်အရေးကဗျာမှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Saturday, July 4, 2009

Padoh Mahn Sha Lah Phan

ပဒိုမန်းရှာလားဖန်း ကွယ်လွန်ခြင်း တလပြည့် အမှတ်တရကဗျာ

ထာဝရကြယ်
ဒေါက်တာလွဏ်းဆွေ

ရေဆန်မြစ်ထဲ
တောက်ပဆဲ
ကြယ်ကြွေလွယ်ခဲ့လည်း၊

တော်လှန်အသည်း
ပြည့်ရင်ထဲဝယ်
ဝေမယ်အမြဲ။

(ဆရာ မန်းရှာ သို့မဟုတ် စာရေးဆရာ ရေဆန်သို့ …)
(ဒေါင်းအိုးဝေမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၅)

ရေဆန်လမ်းမှာ အလွမ်းတွေဝေ (ခိုင်မာကျော်ဇော)
ရေဆန်လမ်းမှာ အလွမ်းတွေဝေ
ခိုင်မာကျော်ဇော

အတီးမန်းရှာရေ … အတီးက အတီးရဲ့ ယုံကြည်ချက်တွေ၊ အတီးရဲ့ အချစ်တွေကို ကျမတို့ ကရင်အမျိုး သားထုအတွက်သာမက တိုင်းရင်းသားလူမျိုးပေါင်းစုံကိုပါ ဝေငှထားခဲ့ပြီး ဟောဒီကမ္ဘာကြီးထဲကနေ သူရဲ ကောင်းပီသစွာနဲ့ ထွက်ခွာသွားခဲ့ပေမယ့် ကျမတို့ကတော့ အတီးရဲ့အကြောင်းကို သတိတရနဲ့ မမောနိုင်မပမ်း နိုင် ပြောကြရဦးမှာပါ။ အတီး သွေးနဲ့ခင်းခဲ့တဲ့၊ အတီး ယုံကြည်မျှော်လင့်တဲ့ ခရီးဆုံးပန်းတိုင်ဆီကို ဆက်လက် ချီတက်ရဦးမှာပါ။

Friday, July 3, 2009

သာပါတော့လားရွှေဖားစည်


ရန်ညိုးအာဃာတ၊မာဏဖွဲ့ တည်
ချည်နှောင်မှုမမြဲ၊ကွဲခဲ့ကမ္ဘာ
သံသာလေကမ်း၊လမ်းခွဲရှာသူတွေ
လူမျိုးမထောက်၊ရူးဘုံမြောက်ကြသတဲ့
ကျည်းတန်တဲ့ဖြစ်ရပ်များ။

သမိုင်းမလှမိုက်မဲနေ
ဂိုဏ်းဂဏတိုက်ပွဲတွေနဲ့ 
ပွေလီတဲ့မီးပင်လယ်
သေပြီဟဲ့ခရီးစဉ်ကျယ်မှာ
မျက်နှာမွဲရင်သွေးများအရေး
ဟင်း..စဉ်တွေးမထားပေးရော့ လား။

ရွာစွန်မြေမနီးဝေး
တာဝန်တွေမပြီးသေးခင်မှာ
တခါတခါဟီးမြည်တတ်
ဖားစည်ခတ်သံကြား
ရှင်တော်ဘုရားရေ....
အရှင့်ခြေတော်ရင်းထံ
အရောက်ပြန်ခဲ့ချင်ပါပေါ့။ ။
(လင်္ကာဒီပ)
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)