Showing posts with label humanright. Show all posts
Showing posts with label humanright. Show all posts

Sunday, March 6, 2011

လူ့အခွင့်အရေးချိုးဖေါက်မှုသတင်းနှင့် တိုက်ပွဲသတင်း

05 Mar 2011
တပ်မဟာ ( ၆ ) တိုက်ပွဲသတင်း

တပ်မဟာ (၆) ဒုတပ်ခွဲမှုး သည် ၂၈-၂-၂၀၁၁ နံနက် ၀၉၄၀ အချိန်တွင် စစ်ကြောင်းမှုး ထွန်းထွန်းနိုင်ဦး ဆောင်သော ခမရ (၄၀၇)ကို ဘုရားတောင်နှင့်ညောင်တုန်းကြားမရမ်းချောင်း တွင် တိုက်ခိုက်ရာ ရန်သူမှ ၃ ဦးသေ။ နိုလယ်ရွာတွင် တပ်မ (၂၂) လက်အောက်ခံ တပ်ရင်း (၈၁) ဗိုလ်မှုးပြည်သူဝင်း အင်အား (၃၆) ယောက်တို့သည် နယ်စပ်စစ်စခန်း တည်ဆောက် ။ နိုလယ်နှင့် ဖာသီကြား လုံခြုံရေးကို မန်းဝင်းယုံ မှဦးဆောင် ။ တနေ့ တည်းတွင် ခမရ (၅၄၇) ဗိုလ်ရဲထွန်း ဦးဆောင်သော လက်နက်ကြီးတပ်သည်
ကော့ကရိတ် နေပူကုန်းတွင် တပ်စွဲပြီး ရွာသစ်ကုန်းရွာသို့  လက်နက်ကြီး (၇) ချက်ပစ်ချသည်။ အဆိုပါလက် နက်ကြီးပစ်ခတ်မှုကြော
င့် နော်ဖေါဒေး (၂၆) မှာ သေဆုံးသွားပြီး ၄င်း၏ ခင်ပွန်းနှင့် ခလေး (၄) ဦး ကျန်ရစ်။

ဘာသာပြန်ကို Karen United မှကူးယူသည်။

Friday, January 14, 2011

ဖာပွန်ဒေသတွင် နအဖတပ်ရိက္ခာထမ်းရန် အရပ်သား ၄၀၀ ကို BGF အဓမ္မတောင်းခံပေးနေ

ဇန်န၀ါရီလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း ရွာပေါင်း ၃၀ကျော်ရှိသော ကျေးရွာအုပ်စု ၃ခုမှ ဒေသခံအရပ်သား ၄၀၀ဦးအား နအဖ စစ် တပ်ရိက္ခာကို ထမ်းပေးရန် နယ်ခြားစောင့်တပ်-BGF (၁၀၁၃)တပ်ရင်းက ရွာသူကြီးများထံမှ ဇန်န၀ါရီလ ၇ရက်နေ့ကတည်းက အဓမ္မတောင်းခံနေဆဲဖြစ်သည်ဟု သိရသည်။

Friday, January 7, 2011

KNLA တပ်ဖွဲ့ဝင်များ ၂ကြိမ်ဆက်တိုက် ပစ်ခတ်၍ နအဖ ၆ဦးသေ ၃ဦးဒဏ်ရာရ

ဇန်န၀ါရီလ ၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသ ကနဲလေးစခန်းရှိ နအဖစစ်တပ်အား ယနေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ဖွဲ့မှ ၂ကြိမ်ဆက်တိုက် ပြောက်ကျား သွားရောက်ပစ်ခတ်ခဲ့မှုကြောင့် နအဖဘက်မှ ၆ဦးသေဆုံးပြီး ၃ဦးဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲသတင်း

06 Jan 2011 03:10 AM PST
ဆုံဆည်းရာ

နအဖ စစ်တပ်မှ ဒီကေဘီအေ နဲ့ နအဖ တပ်များ တိုက်ပွဲများ ဖြစ်ပွားနေသည့်အပေါ် အပစ်ရပ်ရေးအတွက် ဇန်န၀ါရီလ ၇ ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါလေ ဒေသ၌ ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်ချုပ် စောလားဘွယ် နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။


Friday, December 10, 2010

တိုက်ပွဲသတင်း

KNU တောင်ငူခရိုင်၊ KNLA တပ်မဟာ(၂) ဒေသအတွင်း လှုပ်ရှားလျှက်ရှိသော (DAB) စစ်ဒေသ အမှတ်(၁) စစ်ကြောင်းသည် တောင်ငူ-လွိုင်ကော် ကားလမ်းတွင်တည်ရှိသော လိပ်သိုလ်မြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌါနချုပ် လက်အောက်ခံ ခလရ-၆၀၃ တပ်ရင်းကို၆/၁၂/၂၀၁၀ နံနက် ၀၅း၃၀ မှ ၀၅း၅၀ နာရီအထိ ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ ၄င်းတိုက်ပွဲတွင် ရန်သူဘက်မှ တပ်မှူး ၁ ဦးအပါအ၀င် ၅ ဦး ကျဆုံးခဲ့ပြီး (၇)ဦး ဒဏ်ရာရခဲ့သည်။ မိမိဘက်မှ စစ်သည် (၂)ဦး အနည်းငယ် ရှပ်ထိ/ဒဏ်ရာရခဲ့သည်။ (ကိုးကား - ဒီအေဘီ)

Friday, October 29, 2010

လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

27 Oct 2010
တပ်မဟာ(၃) ညောင်းလေးပင်ခရိုင်။

၂၀.၁၀.၂၀၁၀နေ့ နအဖတပ် ခလရ(၄၈)မှ တပ်မှူး(၂)တင်မိုးကျော်ဦးဆောင်တဲ့အုပ်စုသည် တယ်ကွယ်လေးခို တွင်လာရောက်ဈေးရောင်းဝယ် သောလူထုများကိုစောင့်ပြီး ရောင်းဝယ်ဖောက်ကားများအရာအားလုံးကိုသိမ်းယူပြီးနောက်(တန်ဘိုးငွေကျပ်၁၀၀၀၀၀) ထိုနေရာဒေသတွင်နောက် နောင်ဈေးရောင်းဈေးဝယ်များကိုမမြင်တွေ့ လိုကြောင်း၊ ဒါ့အပြင်ထိုသို့ မြင်တွေ့ ပါကပစ်သတ်မည်ဟုခြိမ်းခြောက်ပြောဆိုခဲ့သည်။ ထိုကဲ့သို့ ချုပ်ချယ် လိုက်သောကြောင့်လူထုများအခက်အခဲများစွာနှင့်ရင်ဆိုင်နေရကြောင်းသတင်းရရှိသည်။

၁၄.၁၀.၂၀၁၀နေ့ နအဖတပ် ခလရ(၆၀) သည်မီလူမှကိုဖြတ်လေးခိုကားလမ်းမကြီးအထိတပ်အင်အားကိုဖြန့် ချထားခဲ့သည်။
၂၅.၁၀.၂၀၁၀နေ့ တွင် လမ်းပြင်ကား D8(၂)စီး ဓာတ်ဆီတင်ကား(၂)စီးများကို ပို့ဆောင်ခဲ့ပြီး၎င်းတို့ တပ်များ စောခါဒဲ ဂွင်အထိလုံခြုံရေးယူထား သည့်အတွက်ထိုအနီးတဝိုက်ရှိလူထုများတောတောင်ထဲသို့ ထွက်ပြေးပုန်းရှောင်နေရကြောင်းသိရသည်။ ထိုသို့ ထွက်ပြေးပုန်းရှောင်နေရသဖြင့်ရွာသို့ ပြန်ပြီးလယ်ယာများမလုပ်နိုင်သဖြင့် ကျွဲနွားများဝင်ရောက်ဖျက်ဆီးခြင်းကိုခံနေရသဖြင့်ထိုဂွင်အနီးရှိလူထုများအခက်အခဲမျိုးနှင့် ရင်ဆိုင်နေရကြောင်းသ တင်းရရှိသည်။

မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦးသေ ၃ဦး ဒဏ်ရာရရှိ

27 Oct 2010 09:43 AM PDT
KIC သတင်း

အောက်တိုဘာလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် တောင်စွန်းရွာမှ ချောင်းဆုံရွာသို့ မဲပုံးသယ်ယူလာသည့် နအဖ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)က ယမန်နေ့ မနက် ၁၀း၄၀နာရီအချိန် ၌ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖ တပ်သား ၂ဦးသေဆုံး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။


ဒု-ဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးဆောင်ပြီး အင်အား ၆၀ခန့်ရှိ အဆိုပါ နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၈)လက်အောက်ခံ ခမရ (၄၀၅)တပ်ရင်း စစ်ကြောင်း(၁)သည် လာမည့် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲပုံးသယ်လာခဲ့ ရာ အာပလုံနှင့် လှိုင်သာယာရွာကြားတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကေအဲန်အယ်လ်အေ တပ်မဟာ(၆)မှ ပြောခွင့်ရသူ ဗိုလ်မှူးစောထဲနေက “ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ကျနော်တို့ ကို သတင်းပို့ချက်အရတော့ နအဖ ၂ယောက် ကျဆုံးပြီး ၃ယောက် ဒဏ်ရာရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီနယ်မြေမှာ လှုပ် ရှားနေတဲ့ နအဖတပ်ကိုတော့ လစ်ရင်လစ်သလို အမြဲတိုက်ခိုက်တာပဲ။ ဒီမနက်မှာလည်း တပွဲ ထပ်ဖြစ်သေးတယ်လို့ ကြား တယ်။ ထိခိုက်မှုကတော့ ဘာမှ အကြောင်းပြန်ကြားလာတာ မရှိသေးဘူး။”ဟု ကေအိုင်စီကို အတည်ပြုပြောဆိုသည်။

အပစ်ခံရသည့် နအဖ စစ်တပ်မှ တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသော်လည်း အဆိုပါစစ်တပ် အသိုင်းအ၀ိုင်းဘက်မှ ၎င်းတို့ ရဲဘော် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုပြောကြောင်း အမည်မဖော်လိုသူ ကြာ အင်းဆိပ်ကြီးမြို့နယ်မှ ဒေသခံတဦးက ဆိုသည်။

သူက “သူတို့(နအဖ) စစ်တပ်အရာရှိပြောတာတော့ အဲဒီအတိုင်းပဲ။ သူတို့လာတာက မဲပုံးကြောင့်ပါ။ ရွေးကောက်ပွဲကျရင် ဘုရားသုံးဆူမှာ မဲထည့်ရမယ်လေ။ မဲပုံးမရှိသေးတဲ့အတွက် သူတို့(နအဖ)က မဲပုံးသယ်လာတာ အပစ်ခံရတာပဲ။ သူတို့ သယ် လာတဲ့ မဲပုံးက ၅ပုံးပေါ့နော်။ တပုံးက ချောင်းဆုံမှာ၊ လေးပုံးက ဘုရားသုံးဆူမှာလို့ ကြားတယ်။”ဟု ရှင်းပြသည်။

ယမန်နေ့က တောင်စွန်းရွာမှ ချောင်းဆုံရွာသို့ တက်လာသည့် အဆိုပါ နအဖ ခမရ(၄၀၅) တပ်ရင်းသည် ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်းရှိ ရွာသားများကို လမ်းပြအဖြစ် ခေါ်ယူမှုများရှိခဲ့ပြီး ကွီးကချောကျုရွာ၌ ကေအဲန်ယူ သစ်တောအရာရှိတစ်ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု သိရသော်လည်း ကေအဲန်ယူမှ တရားဝင် သတင်းထုတ်ပြန် မရှိသေးပါ။

အင်အား ၁၀၀ကျော်ရှိသည့် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၅)တပ်ရင်း၏ စစ်ကြောင်း(၁)နှင့် (၂)တို့မှာ ချောင်းဆုံ ရွာတွင် အခြေစိုက်လျှက်ရှိပြီး ယခု မဲပုံးသယ်ယူလာသည့် တပ်ဖွဲ့မှာ စစ်ကြောင်း(၁)တပ်ဖွဲ့ဖြစ်သည်။

Thursday, October 7, 2010

လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

06 Oct 2010 08:20 AM PDT
တပ်မဟာ(၂) တောင်ငူခရိုင်။

ကိုးဒေးစခန်းရှိ နအဖတပ်သည် ၁.၁၀.၂၀၁၀နေ့ တွင် ကလေးစိုးခီး ရွာသူရွာသားများဖြစ်သော (၁)စောစဲဘယ်ထူး (၂)စောဖိလိပု (၃)နော်တာ ထူး (၄)နော်လော်အယ် (၅)နော်ဆိဆိ တို့ ကို ခလယ်စခန်းမှကိုးဒေးစခန်းသို့ သူတို့၏အစားအသောက်များထမ်းပို့ ပေးရန်အတင်းအကြပ်ခိုင်းစေ ကြောင်းသတင်းရရှိသည်။

Tuesday, October 5, 2010

လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

04 Oct 2010
သထုံခရိုင် တပ်မဟာ(၁)။

သထုံမြို့ နယ်၊ ၂၀၁၀ရွေးကောက်ပွဲအကျိုးတော်ဆောင် ဦးစောသောင်းဖေ သည်၂၁.၉.၂၀၁၀နေ့တွင် တမော့ဒေါ့အုပ်စုမှရွာများကို ၁၅၀၀၀၀ကျပ်၊ နယ်ဖောထာအုပ်စုကို ၈၄၅၀၀ကျပ်၊ ကော့လယ်အုပ်စုကို ၁၂၀၀၀၀ကျပ်၊ မော်လေးအုပ်စုကို ၁၅၀၀၀၀ကျပ်တို့ ကိုအတင်းအကြပ်တောင်းဆိုသည်။
BGFမှ ဖားသဲဆီး သည်၁၄.၉.၂၀၁၀နေ့ တွင် နယ်ဖောထာရွာကို ၄၀၀၀၀ကျပ် နှင့် ဖားပေါ်ရွာကို ၄၀၀၀၀ကျပ် အတင်းအကြပ်တောင်းဆိုကြောင်း သတင်းရရှိသည်။
၁၆.၉.၂၀၁၀နေ့ တွင် ငပျောတော ရှိ ခလရ(၉၆) တပ်ခွဲမှုးဇော်မင်းထွန်းသည် ကပယ်ခီးရွာအားဝါးအချောင်း ၂၀၀ အပြင်ငွေ၁၀၀၀၀ကျပ် ကိုအတင်းအကြပ်တောင်းယူခဲ့သည်။
၁၇.၉.၂၀၁၀နေ့ တွင်သောင်းကျန်းသူဆန့် ကျင်ရေးအဖွဲ့ မှမောင်တူးသည် ကပယ်ခီးအုပ်စုနှင့်နော်လားအုပ်စုရှိကောကလော့ပိုင်ရှင် များကိုငွေ၅၀၀၀ ကျပ်စီတောင်းပြီး မပေးပါကထောင်ထဲထည့်မည်ဟုခြိမ်းခြောက်ခဲ့သည်။ ထိုသို့ အတင်းအကြပ်တောင်းဆိုခဲ့ရာ စုစုပေါင်းရရှိခဲ့သည်မှာ ၃၈၀၀၀၀ ကျပ် ရရှိခဲ့ကြောင်းသိရသည်။

Saturday, October 2, 2010

လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

01 Oct 2010
တပ်မဟာ(၂) တောင်ငူခရိုင်။

ဒေါဖခိုမြို့ နယ်၊ ထီးသာစောရှိ ခလရ(၃၀)ဗိုလ်ကြီးမျိုးမင်းအောင်ဦးစီးသောအုပ်စုသည် ၂၇.၀၉.၂၀၁၀နေ့ တွင် ဟိုသောပလို၊ ထီးသာစော အုပ်စုရှိ ရွာသူကြီးများကိုဆင့်ခေါ်ပြီး သန်းခေါင်စာရင်းကောက်ရန်မှာကြားခဲ့သည်။ တဆက်တည်းမှာပဲ သီသောခို၊ မယ်သောဖိုလီ၊ ထာယယ်ဖလိုစသည့် နေ ရာများတွင်အဆောက်အအုံဆောက်ဖို့ အတွက်ပြောပြီး တအိမ်တယောက်ပေါ်တာထမ်းရန်အတွက်တောင်းဆိုခဲ့သည်။


ထန်းတပင်မြို့ နယ်၊ ဘောဂလိမြို့နယ်ခွဲ မြို့ နယ်မှူးသည်၂၈.၀၉.၂၀၁၀နေ့ တွင် ကလော်မီးဒဲရွာအားဆေးပေးခန်းတလုံးဆောက်ရန်မှာကြား ပြီး ဆရာဝန်တဦးနှင့် ဆရာမတဦးပေးမည်ဟုပြောခဲ့သည်။ ဒါပေမဲ့ သူတို့၏အစီအစဉ်များနောက်ပိုင်းဘယ်လိုဖြစ်လာမလဲ ဆိုတာကိုရွာသူရွာသားများ ဆက်လက်စောင့်ကြည့်ဦးမည် ဆိုတဲ့အကြောင်းသတင်းရရှိသည်။

ထန်းတပင်မြို့ နယ်၊ ခလရ(၃၉)အုပ်စုသည် ၁၉.၉.၂၀၁၀နေ့ တွင်စွားလိုရွာမှ ရွာသား စောပိုထူး အားစွားလိုအုပ်စု ယေနာပူတွင်လာရောက်ဖမ်းဆီး ပြီး သူတို့ ၏စစ်စခန်းသို့ ပြန်ဖမ်းသွားသည်။ ဘာအကြောင်းကြောင့် ဖမ်းသည်ကိုမသိရတဲ့အပြင်၊ ယခုထက်တိုင်ပြန်မလွတ်သေးကြောင်းသတင်းရရှိ သည်။

Tuesday, September 21, 2010

နအဖနှင့် ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်သေဆုံး

20 Sep 2010
KIC သတင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၌ ယနေ့မနက်တွင် နအဖ စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်(ကေအဲန်အယ်အေ)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်က ၄ဦးသေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)က ကေအိုင်စီကို ပြောဆိုသည်။

ယနေ့မနက် ၁၀နာရီကျော်တွင် ကေအဲန်အယ်လ်အေ တပ်ရင်း ၂၁နှင့် နအဖ စကခ(၁၉) လက်အောက်ခံ တပ်ရင်း ခမရ(၃၄၃) တပ်ခွဲ(၂)တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေတပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို ပြောသည်။

၎င်းက “ဒီနေ့ ၁၀ကျော်ကျော်လောက်မှာ တပ်ရင်း ၂၁နဲ့ နအဖ ခမရ ၃၄၃တပ်ရင်း တပ်ခွဲ(၂)တို့ ကျော်တလေးခိုမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ နအဖဘက်က ၄ဦးသေတယ်။ ၇ဦးဒဏ်ရာရတယ်။ သေတဲ့အထဲမှာ တပ်ကြပ် ကြီး ၁ယောက်နဲ့ တပ်ကြပ် ၁ယောက် ပါတယ်၊ ဒဏ်ရာရတဲ့အထဲမှာ ဗိုလ် ၁ယောက်နဲ့ တပ်ကြပ်ကြီး ၁ယောက်ပါ တယ်၊ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။”ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ရက်နေ့တွင် ပိုင်ကျုံမြို့နယ်၌ ဗိုလ်မှူးလိုက်သိမ့်ဦးစီးသော BGF (၁၀၁၉)တပ်ရင်း နှင့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၁)တို့ ထီးမိုခီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ BGF ဘက်က ၁ဦးကျဆုံးသလို စက် တင်ဘာလ ၁၈ရက်နေ့နှင့် ၁၉ရက်နေ့တွင်လည်း ဗိုလ်မှူးဝင်းလှိုင်ဦးစီးသည့် BGF (၁၀၁၅)တပ်ရင်းနှင့် ကေအဲန် အယ်လ်အေ တပ်ရင်း(၂၁) ပူးပေါင်းတပ်တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ BGF ဘက်က ၁ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။

ယင်းသို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုအပေါ် ကေအဲန်ယူတွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “BGF တပ်ရင်း(၁၀၁၁)ကနေ (၁၀၂၃)အထိပေါင်းရင် သူတို့အင်အားတွေ အများကြီးရှိတယ်။ အဲဒီအင်အားတွေနဲ့ နအဖတချို့က နောက်ကနေ လိုက်တယ်။ ကေအဲန်ယူရဲ့ဂွင်ကို တိုက်ဖို့ဆိုပြီးတော့ သူတို့ပေါ်လစီရှိတယ်။ ဆိုလို တာက ဒီကေဘီအေကနေ ပြောင်းသွားတဲ့ BGF တွေကို ကိုင်လို့ဘယ်လောက်ရသလဲဆိုတာကို စမ်းသပ်ပြီးတော့ ကေအဲန်ယူနဲ့ တိုက်ဖို့ဆက်လက်ပြီး တွန်းအားပေးမယ့် လှုပ်ရှားမှုပဲ။”ဟု ပြောသည်။

ထို့အပြင် ထိုဒေသများတွင် ရွေးကောက်ပွဲမကျင်းပနိုင်တော့သည့် နယ်မြေများအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသောကြောင့် BGF တပ်ဖွဲ့ဝင်များကို ဆက်လက် ဖိအားပေးလာသည်နှင့်အမျှ ကေအဲန်ယူနယ်မြေ တွင် ရှေ့ဆက် တိုက်ပွဲများ ပိုဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးစောလှငွေက ထပ်မံ ပြောသည်။

ကေအဲန်ယူနှင့် နအဖ၊ နယ်ခြားစောင့်(BGF)တပ်များ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည့်ကြားက လာမည့် စက် တင်ဘာလ ၂၁ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကေအဲန်ယူမှ တရက်တာ တဖက်သတ် အပစ်အ ခတ် ရပ်စဲမည်ဟု ယခုလ ၁၅ရက်နေ့က ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။

Tuesday, September 14, 2010

လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

13 Sep 2010
တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။

- စကခ(၁၆)နှင့်ခမရ(၂၄၂)တို့ အုပ်စုသည် ၆.၉.၂၀၁၀နေ့ တွင်တရွာနှင့်တရွာသို့ ကူးသန်းသွားလာလျှင်၎င်း၊ ရွာသားများလယ်ထဲယာထဲဆင်း ပြီးအလုပ်လုပ်လျှင်၎င်း သူတို့ တွေ့ ရှိပါကပစ်သတ်မည်ဟုခြိမ်းခြောက်တားမြစ်ထားသည်။
- ၇.၉.၂၀၁၀နေ့ တွင် မတောကုန်း၊ ဟီဖိုးဒဲ၊ ပန်တလာ၊ တောခို၊ ပအောတော စသည့်ရွာများမှ ရွာသား၂၆ဦးတို့ ကိုဖမ်းဆီးထားပြီး ပြင်းပြင်းထန် ထန်နှိပ်စက်ညင်းပန်းပြီးတော့ ထဲ့ထူစစ်စခန်းသို့ ပို့ ဆောင်ကြောင်းသတင်းရရှိသည်။
- ဒါ့အပြင် နအဖစစ်အုပ်စုများသည် ရွာသူကြီးများအား မိမိအပိုင်ဂွင်ထဲတွင် ဘာပြသနာမှမတက်စေရ ဆိုပြီးလက်မှတ်ထိုးခိုင်းတဲ့အပြင် ပြသနာ တက်လာပါကအကုန်လုံးသတ်ပစ်မည်ဟုပြောဆိုခြိမ်းခြောက်ထားသည်။
- ဒီ၂၀၁၀နအဖရွေးကောက်ပွဲအတွက် မဲဆွယ်ရန်အတွက် နံ့ သာကွင်းတံတားကိုပြန်ပြင်ပြီးတော့ အခုလောလောဆယ်တွင်လယ်ကဝေါ်ဂွင်မှ ရွာသူရွာသားများကို နည်းလမ်းပေါင်းစုံမှဖမ်းဆီးချုပ်နှောင်ထားကြောင်းသတင်းရရှိသည်။

Sunday, September 12, 2010

လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

10 Sep 2010
တပ်မဟာ(၁) သထုံခရိုင်။

၃.၈.၂၀၁၀ နေ့တွင် ဘီလင်းမြို့နယ်ပညာရေးမှူး ပူးတွဲတာဝန်ဦးမျိုးဝင်းသည် ထိုမြို့နယ်အနီးတဝိုက်ရှိ ပညာရေးဝန်ထမ်း ဆရာ ဆရာမများအားလုံးကို မဲရုံမှူး ဒုမဲရုံမှူး မဲရုံအဖွဲ့ဝင် စသည့်သင်တန်းများကို ဘီးလင်းအထက်တန်းကျောင်းသို့ ၁၅.၉.၂၀၁၀ နေ့တွင် သွားရောက်တက်ရောက်ရန်မှာကြားသည်။

၎.၉.၂၀၁၀ နေ့တွင် နအဖတပ် ခမရ(၂၀၆) မှဗိုလ်မျိုးညိုညွန့်သည် ဝါပူရွာသား စောမောင်ဝင်းရဲ့ ၃၀၀၀၀ကျပ်တန်ဘိုးရှိတဲ့ ဆိတ်တစ်ကောင်ကို အတင်းအကျပ်တောင်းစားပြီး ပိုက်ဆံမပေးခဲ့။

၎.၉.၂၀၁၀နေ့တွင် နအဖတပ် ခမရ ၃၃ တပ်ရင်းမှူးရန်နောင်စိုး သည် ကဒီပူအုပ်စု အားဝါး ၅၀ ချောင်း၊ ဃါ ၄၀လုံးတို့ကို ၆.၉.၂၀၁၀နေ့ တွင်အရောက်ပို့ ခိုင်းပြီး ကျသင့်တန်ဘိုးငွေကိုလုံးဝမပေးခဲ့။

တပ်မဟာ(၅) ဖာပွန်ခရိုင်။

၂၉.၈.၂၀၁၀ နေ့ DKBA ၅၅၅ မှစောတပျူနှင့်စောတိုဘော တို့ ဦးဆောင်ပြီး မလေးလယ်ရွာသား စောတာလာ အသက်၃၅နှစ်အားလည်လှီးပြီးသတ်ခဲ့။ သတ်ရသောအကြောင်းမှာ သူတို့ လူမောင်မြင့် ဦးသည်KNUနှင့်သွားရောက်ပူးပေါင်းသောကြောင့်ဖြစ်သည်။ ဒါ့အပြင်ကွီးတမံရှိ DKBA အုပ်စုသည် နောက်နောင် မိမိတို့ ဘက်မှလူတဦးပျောက်ခဲ့ရင်ရွာသူကြီးတဦးပျောက်စေရမည်ဟု လူထုအားခြိမ်း ခြောက်ပြောဆိုထားသည်။

DKBA 999နှင့်333 အုပ်စုသည် နိုထာရွာသားများနှင့် မလေးလယ်အုပ်စုမှ ရွာသူရွာသားများအား လယ်ယာထဲသွားလာလုပ်ကိုင်ခွင့်ကိုတားဆီးတဲ့အပြင်မိုင်းများကိုယခင်ကထက်ပိုပြီးထောင်ထားသည်ဒါ့အပြင် ရွာသူရွာသားများအားသတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုသေးသည်။

မတ်ထောစခန်းရှိ DKBA နှင့် နအဖတပ် ခမရ (၇၀၁)ပူးပေါင်းပြီး ထိုအနီးတဝိုက်ရွာများအားအ တင်းအကြပ် ဝါးများကိုခုတ်ခိုင်းပြီး၂၃.၉.၂၀၁၀နေ့တွင်အရောက်ပို့ ခိုင်းသည်။

နအဖတပ်ခမရ ဒု-ရင်းမှူး သန်းနိုင်ထွန်းတို့ အုပ်စုသည် လယ်ဝါးခိုရွာသား မောင်ကြည်သာ အသက်၂၈နှစ်ကို မြန်မာစကားမပြောတတ်တဲ့အတွက်ဖမ်းဆီးနှိပ်စက်ခဲ့သည်။

၁.၉.၂၀၁၀နေ့ ခူသူထါစခန်းရှိ ခမရ(၇၀၄)တပ်ရင်းမှူးအောင်ဆန်းလွင်သည် ထိုဂွင်တဝိုက်ရှိရွာ များကိုအတင်းအကြပ် ခိုင်းစေကြောင်းသတင်းရရှိသည်။

တပ်မဟာ(၆) ဒူးပလာယာခရိုင်။

၃.၉.၂၀၁၀နေ့ အင်အား၂၀ရှိ BGF ဒုခွဲမှူးအကြည်သည် သူတို့ လှုပ်ရှားသောဂွင်တဝိုက်ရှိရွာများကို တစ်လလျှင်ရွာတိုင်းပေါ်တာကြေး ၄၀၀၀၀ကျပ်ပေးရန်အတင်းအကြပ်တောင်းဆိုကြောင်းသတင်းရ ရှိသည်။

Thursday, August 26, 2010

လူမဆန်မှုသတင်း

Posted: 25 Aug 2010 06:17 AM PDT
တပ်မဟာ(၂) တောင်ငူခရိုင်။
- ထန်းတပင်မြို့၊ ၁၉.၀၈.၂၀၁၀နေ့တွင် ဇရပ်ကြီးတွင်ရှိသော နအဖတပ် ခလရ(၇၃) အုပ်စုသည် မာလာကုန်းရွာ သို့ဝင်ပြီး ထိုရွာမှ ရွာသား (၁) စောမူးသော အသက်(၂၂)နှစ် အဖေနာမည် စောမူးရာ (၂) စောခိုကလယ်ထူး အသက်(၁၉)နှစ် အဖေနာမည် စောမူးရာ…ထိုညီအစ်ကို၂ယောက်အား အပြစ်မရှိအကြောင်းမဲ့ဖမ်းဆီးသွားခဲ့သည်။ထို့အပြင်ဘယ်ကိုခေါ်သွားချုပ်နှောင်ထား
သည်ကိုလည်းယခုထက်ထိမသိရှိရသေးပါ။


- ၂၃.၀၈.၂၀၁၀နေ့တွင် ကလော်မီးဒဲရှိ စကခ(၇) ခမရ(၁၀၂)တပ်သည် ကလော်မီးဒဲရွာသူ(၁၄)ယောက် ရွာသား(၁၆)ယောက် စုစုပေါင်း (၃၀)ယောက်တို့ကို ကလော်မီးဒဲစစ်စခန်းမှ ပလဲဝထိ သူတို့၏ပစ္စည်း ရိက္ခာများကို ပေါ်တာအဖြစ်အတင်းအကြပ်သယ်ယူခိုင်းခဲ့ကြောင်းသတင်းရရှိသည်။

Wednesday, August 25, 2010

DKBA မှပြန်လည်ပေါင်းစည်းမှုနှင့် နအဖတပ်၏လူမဆန်မှု

24 Aug 2010
တပ်မဟာ(၁) သထုံခရိုင်။

- ၂၂.၀၈.၂၀၁၀နေ့ တွင် DKBAတပ်ရင်း(၂)မှ မောင်လှဦး/စောအယ်ထူး တို့သည် တပ်မဟာ (၁)သို့ပြန်လည်ဝင်ရောက်ခဲ့သည်။ သူတို့နှင့်အတူ AR ၂လက် ကျည်ဆံ၁၄၈တောင့်၊ AK ၁လက်
ကျည်ဆံ (၁၇)တောင့်တို့ပြန်ပါလာခဲ့သည်။

တပ်မဟာ(၂) တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊၁၀.၀၈.၂၀၁၀နေ့တွင်စကခ(၇)ခမရ(၄၂၆)ဒုရင်းမှူးဗိုလ်မှူးစိုးလှိုင်
သည်ခလယ်လာရွာကောသေးဒဲရွာမှရွာသူရွာသားများအားဖမ်းဆီးအကြပ်ကိုင်ပြီးထိုရွာ
များအနီးတဝိုက်တွင်တိုက်ပွဲများဖြစ်ပွားမှာကိုကြောက်သဖြင့်သူပြောတဲ့အတိုင်းလုပ်ရ
မည်ဟုပြောဆိုခြိမ်းခြောက်ခဲ့သည်။သူပြောတဲ့အတိုင်းမလုပ်ပဲတိုက်ပွဲများဖြစ်ပွားခဲ့လျှင်
တောင်ယာတောထဲသွားရေးလာရေး၊လုပ်ကိုင်မှုများကိုပိတ်ပင်မည့်အပြင်ရွာထဲမှ
ရွာပြင်ထွက်ခွင့်ကိုပါပိတ်မည်ဟုခြိမ်း
ခြောက်သည်။


- ၂၀.၀၈.၂၀၁၀နေ့မှစပြီး ပလဲဝ၊ကလောမီးဒဲ၊ဖြင်စလိုမှာရှိတဲ့ စကခ(၇)နှင့်အပြင်စစ်
တွင်ရှိသော တပခ တပ်တို့သည်ထိုရွာမှ ရွာသားများအား ရွာပြင်ထွက်ပြီး တောင်ယာ
လုပ်ကိုင်ခွင့်ကိုပိတ်ပင်တဲ့အပြင် ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ရွာသူရွာသားများ
ကြောက်လန့်စွာနဲ့နေထိုင်ကြရသည်။ ထို့အပြင်စား ရေးသောက်ရေးအခက်အခဲငွေ
ရေးကြေးရေးအခက်အခဲများကြုံတွေ့နေကြရသည်။

တပ်မဟာ(၇) ဖားအံ့ခရိုင်။
- ၂၂.၀၈.၂၀၁၀နေ့တွင် DKBA ၅၅၅ တပ်ရင်း၃မှ စောဒါးအယ်အသက်(၁၅)နှစ်စော
ခူမူအသက်(၁၄)နှစ်တို့ သည်တပ်မဟာ(၇)သို့ပြန်လည်ခိုလှုံခဲ့သည်။ သူတို့နှင့်အတူ
AR ၂လက် ကျည်ကပ်၇ကပ် ကျည်ဆံ ၁၇၆ တောင့် တို့ပါလာခဲ့ကြောင်းသတင်း
ရရှိသည်။

Tuesday, August 24, 2010

ဒီကေဘီအေမှ ပြန်လည်ပေါင်းစည်းမှုသတင်း နှင့် လူမဆန်မှုသတင်း

23 Aug 2010 02:49 AM PDT
သထုံခရိုင်၊ တပ်မဟာ(၁)။

ဒီကေဘီအေ ၉၉၉ တပ်ရင်း(၂)မှ တပ်သား ရွှေထီး သည် ၆၀ မမ တစ်လက်၊ ဗုံးသီး လေးလုံးနှင့်အတူ KNLA တပ်မဟာ(၁) လက်အောက်ခံတပ်များသို့ ၁၉၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင်လည်းကောင်း၊ DKBA ၉၉၉ မှ တပ်စုမှူး စောသန်းစိုး၊ တပ်သား စောအောင်ကိုလတ်၊ စောကိုကို၊ စောဖြူကျော် တို့ သည် AK47 (၄ လက်)၊ ကျည်ကပ် ၆ ချပ်၊ ကျည်တောင့် ၅၄ တောင့်၊ ကာဘိုင်တစ်လက်၊ ကျည်ကပ်တချပ်၊ ကျည်တောင့် ၁၆ တောင့်၊ M 16 တစ်လက်၊ ကျည်ကပ် နှစ်ချပ်၊ ကျည်တောင့် ၅၀၊ စကားပြောစက် YAESU တစ်လုံး၊ ကျောပိုးအိတ် လေးလုံး၊ အီကွင့်မက် နှစ်စုံ နှင့်အတူ ၂၁၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင် လည်းကောင်း၊ အသီးသီး လက်နက်ချ ၀င်ရောက်လာကြောင်း သတင်းရရှိပါသည်။

- ဘီးလင်းမြို့နယ်၊ DKBA (333)မှ ဒါးဝင်းသည် ၁၅၀၈၂၀၁၀ နေ့တွင်မယ်ပရိခီး၊ကစယ်ဖိုး၊ညာဆူထာ၊ဇီးကုန်း၊ ပဒတ်ဒေါ၊ဘောဝေါထာ၊ဝေါလေ ရွာများကို အိမ်ထောင်စုစာရင်းတောင်းယူပြီး ထိုရွာများရှိတစ်အိမ်လျှင် ဝါးရိုင်း ၂၀ချောင်းစီ အတင်းအဓမ္မတောင်းယူခဲ့သည်။

ဖာပွန်ခရိုင်၊ တပ်မဟာ(၅)။

- DKBA ကဆောဝါးတပ်ရင်းနှင့်နအဖမှ (၄)ဦးတို့သည်ဖောထီးခူတွင်တွေ့ဆုံကြပြီးထိုတပ်ရင်းလူဦးရေ အရေ အတွက်ကိုကောက်ယူပြီး နယ်ခြားစောင့်တပ်ဖွဲ့ပြီးလျှင် လစာများပေးရန်အတွက် ဓာတ်ပုံများရိုက်ယူကြောင်း သိရှိရသည်။
- ၁၅.၀၈.၂၀၁၀ နေ့တွင် ကတဲထိစကခမှူးသည်ကျေးရွာလူကြီးများအားစစ်စာရင်းနှင့် လယ်မြေပိုင်ဆိုင်မှုဧက အပြင်ပိုင်ဆိုင်သူ၏အမည်နာမ များကိုကောက်ယူခဲ့သည်။
- ၁၂.၀၈.၂၀၁၀နေ့၊ နအဖတပ်သည် ခေါတော်ပူတွင်ဝင်ရောက်တပ်စွဲပြီး ထိုဒေသတွင်လှုပ်ရှားသောDKBA၏အ လံကိုဖြုတ်ချပြီး သူတို့၏အလံကိုတင်ထားကြောင်းသတင်းရရှိသည်။
- ၁၁.၀၈.၂၀၁၀နေ့၊ ကုန်းဆက်တွင်ရှိသော DKBAကဆောဝါးတပ်သည် ခေါတော်ပူ သို့အကုန်ပြန်ဆင်းသွား ကြောင်းသိရပြီး ဘာကြောင့်ပြန်ဆင်းကြောင်းမသိရသေးပေ။



ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)။

- ၁၅.၀၈.၂၀၁၀နေ့၊ခလရ(၂၈၃)စစ်ကြောင်းမှူး(၂)သက်မြင့်နိုင်သည်DKBAနယ်ခြားစောင့်
တပ်ဖွဲ့ပွဲအခမ်းအနားကိုကျင်းပရန် အတွက် ကျူးကွဲအုပ်စုမှ ရွာများကိုတာဝန်ယူခိုင်းတဲ့အပြင်
သစ်များကိုလည်းအလုံအလောက် တောင်းဆိုခဲ့သည်။ ထို့အပြင်ဖာသေအုပ်စုပ်မှရွာများကို
လည်းဝါးအလုံအလောက်တောင်းဆိုပြီး တစ်အိမ်၁ ယောက်နှုန်းဖြင့် သွားရောက်လုပ်ကိုင်
ခိုင်းခဲ့ကြောင်းသိရှိရသည်။

Saturday, August 21, 2010

လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

20 Aug 2010
တပ်မဟာ(၃) ညောင်လေးပင် ခရိုင်။

မူကော်ဆာ KNU တပ်ရင်း(၈)နယ်မြေ။
ဒု-ရင်းမှူးထင်ကျော် ဦးစီးတဲ့ ခလရ(၄၈) တပ်မှ တပ်ခွဲမှူးခင်မောင်ကျော်နှင့်အ ပေါင်းအပါ (၁၂)ယောက်တို့သည် ၁၂.၈.၂၀၁၀နေ့ ညနေ၅နာရီအချိန်ခန့်တွင်မလှဒေါစခန်းမှထွက်ပြီးဒယ်ကွယ်လေခိုရွာသိုဝင်ရောက်ပြီးမလှဒေါရွာသား များကိုနွားတင်းကုပ်တွင်ပုန်းအောင်းနေတာတွေ့သောအခါ လူမဆန်စွာရက်ရက် စက်စက်ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် စောဘာကူး (၃၅)နှစ်သေဆုံး၊ စောမူးဒါး (၁၁)နှစ်ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင်နွား၂ကောင်ပါသေ။

တစ်ဆက်တည်းမှာပဲမလှဒေါရွာသိုပြန်ပြီးသေဆုံးသူအလောင်းနှင့်ဒဏ်ရာရသူကိုမလှဒေါရွာသားများအားသွားရောက်သယ်ယူခိုင်းခဲ့သည်။ ဒဏ်ရာသူအား သပြေညွန့်သို့ပို့ဆောင်စေပြီး သူတို့၏လက်ချက်မဟုတ်ကြောင်းရွာသားများ အားလိမ်လည်ခိုင်းခဲ့သည်။

၁၆.၈.၂၀၁၀နေ့တွင်တပ်ရင်းမှူးထင်ကျော်သည်မလှဒေါရွာသားများကိုမှတ်ပုံ တင်လုပ်ခိုင်းပြီး တဦးလျှင်ငွေ၇၅၀၀ကျပ် အတင်းအကြပ်တောင်းဆိုခဲ့သည်။
မလှဒေါ၊ကျော်ထား၊ဆောဝါးဒဲ၊သပြေညွန့်တွင်တပ်ခွဲမှူးခင်မောင်ကျော်တို့အုပ်စုသည်(အင်အား၃၀ခန့်မလှဒေါစခန်းထိုင်ပါအပါအဝင်)မလှဒေါရွာသားများအားအစားအသောက်များသယ်ယူစားသောက်ခွင့်ကိုပိတ်ပင်တဲ့အပြင် တွေ့ရှိပါ ကပစ်သတ်မည်ဟု ခြိမ်းခြောက်ကြောင်းသိရှိရသည်။

ကရင်ဘာသာဖြင့်ဖတ်လိုလျှင် http://kanyawkaw.blogspot.com တွင်ဖတ်နိုင်သည်။

Wednesday, August 18, 2010

လူမဆန်မှုသတင်း

16 Aug 2010
တပ်မဟာ(၁)။
သထုံခရိုင်၊ ဖားအံ့ အနီးရှိ ရွာများတွင် လှုပ်ရှားသော နအဖ တပ်များသည် အမျိုးစုံ သောအကြောင်းများကိုပြပြီး ထိုရွာများကို အတင်းအဓမ္မငွေကြေးတောင်းဆိုခဲ့သည်။
ဒါ့အပြင် ဘီးလင်းတွင် လှုပ်ရှားသော DKBA 333 မှ စောဒါးဝေ ဦးဆောင်တဲ့အုပ်စုက လည်း ထိုအနီးတဝိုက်ရှိ ရွာများကို တစ်ရွာလျှင်ဝါးရိုင်း၂၀ချောင်းစီ ၁၅.၈.၂၀၁၀နေ့ တွင်အရောက်ပို့ခိုင်းတဲ့အပြင် အိမ်ထောင်စုစာရင်းများကိုလည်းတောင်းဆိုခဲ့သည်။

တပ်မဟာ(၆)။
ဒူးပလာယာခရိုင်၊ DKBAတပ်ရင်း၃ မှ အကြည် ဦးဆောင်ပြီး အင်အား၁၅ယောက် ခန့်ရှိတဲ့အုပ်စုသည် သူတို့လှုပ်ရှားသောရွာမှ ဝက်တစ်ကောင်ကိုပစ်သတ်စားပြီး နိုနယ်၊နိုတကော၊ရွာတာရှည်၊နိုရွှေမိုရွာများကိုအလျော်ပေးခိုင်းတဲ့အပြင်၉.၈.၂၀၁၀ နေ့တွင်ထိုရွာများမှရွာသူကြီးများကိုဆင့်ခေါ်ပြီးပေါ်တာကြေးတရွာလျှင်၂၅၀၀၀ကျပ်ကိုအတင်းအဓမ္မ တောင်းဆိုကြောင်းသတင်းရရှိသည်။

Saturday, August 7, 2010

နအဖနှင့် ဒီကေဘီအေကြား တိုက်ပွဲဖြစ်ပွား

05 Aug 2010 11:39 AM PDT
စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ယမန်နေ့က နအဖ စစ်အစိုးရတပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသားတပ်မတော်(ဒီကေဘီအေ)တပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ယမန်နေ့ည (၇)နာရီခန့်တွင် ဒီကေဘီအေ တပ်မဟာ(၉၉၉)မှ တပ်ဖွဲ့ဝင်များသည် လက်နက်ပစ္စည်းများနှင့်အတူ ကားဖြင့် ကေအဲန်ယူ တပ်မဟာ(၆)သို့သွားရန် တပ်မဟာ(၆)နှင့် (၇)စပ်ကြားရှိ ကော့ကရိတ်-မြ၀တီကားလမ်း၏ အောက်တိုတဲဂိတ်မှ နအဖ စစ်တပ်များက သွားခွင့်မပြုခဲ့သည့်အတွက် အချင်းများရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြော သည်။



၎င်းက “ကေအဲန်ယူ တပ်မဟာ(၆)ဘက်ကိုသွားမယ့် (၉၉၉)တပ်ဖွဲ့ကို အောက်ဘိုတဲအရောက်မှာ ဂိတ်မှာရှိတဲ့ နအဖတပ်က သွားခွင့်မပေးဘူး။ အဲဒီတော့ ဒီကေဘီအေဘက်က သေနတ်ဖောက်တော့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရ တယ်။ နအဖဘက်က ၅ယောက်လောက်သေတယ်လို့ ကျနော်တို့ကြားတာပဲ။ ဒီကေဘီအေဘက်က ထိခိုက်ဒဏ်ရာရတဲ့အထိ လောက်ပဲ ဖြစ်တယ်။”ဟု ပြောသည်။

အဆိုပါတိုက်ပွဲသည် ဒီကေဘီအေ တပ်မဟာ(၅)နှင့် တပ်မဟာ(၉၉၉)တပ်ဖွဲ့ဝင်တို့ကြား ပစ်ခတ်မှုဖြစ်ကြောင်း နယ်မြေခံများ က ပြောဆိုနေကြသည်သော်လည်း ၎င်းပစ်ခတ်မှုသည် ဒီကေဘီအေတပ်ဖွဲ့ဝင်အချင်းချင်း ဖြစ်ပွားခြင်းမဟုတ်ကြောင်း ဒီကေ ဘီအေ တပ်မဟာ(၅)မှ ထိပ်တန်းအရာရှိတဦးက အတည်ပြုပြောကြားသည်။

သူက “တိုက်ပွဲဖြစ်တာကတော့ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့လူတွေကို လှမ်းမေးကြည့်တော့ သူတို့နဲ့ဖြစ်တာ မဟုတ်ဘူး။ (၉၉၉)တပ်ဖွဲ့နဲ့ နအဖတို့ကြား အပြန်အလှန် ပစ်ခတ်ကြတာပါ။”ဟု ကေအိုင်စီကို ပြောသည်။

အလားတူ ယနေ့မနက်ပိုင်းတွင်လည်း ကော့ကရိတ်မြို့အနီး၌ နအဖနှင့် ဒီကေဘီအေတို့ကြား ပစ်ခတ်မှုတခု ထပ်မံ ဖြစ်ပွားခဲ့ ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု အပစ်ရပ်အဖွဲ့များ၏ သတင်းရပ်ကွက်များမှ ကြားသိရသည်။

အမည်မဖော်လိုသူ ဒီကေဘီအေ အဖွဲ့ဝင်တစ်ဦးက “ဒီနေ့ဟာ တိုင်းမှူးလာမယ်ဆိုလို့ ကားလမ်းတွေက ဂိတ်တွေကလည်း လမ်းကင်းတွေ ချထားတယ်။ ဒီနေ့မနက် ၁၀နာရီလောက်မှာ ကော့ကရိတ်ကနေ တက်လာတဲ့ စစ်ကားတန်းကို ဒီကေဘီအေ (၉၀၂)က ပစ်ခတ်တယ်လေ။ ဒါပေမဲ့ အဲဒီနေရာမှာ လမ်းကင်းရှင်းတဲ့ စစ်သားနှစ်ယောက် ဗုံးထိသွားတယ်လို့ ကြားတယ်။”ဟု ဆိုသည်။

လက်ရှိအချိန်တွင် ထိုပစ်ခတ်မှုအတွင်း နအဖဘက်မှ ဒဏ်ရာရ စစ်သည်များကို ကော့ကရိတ်ဆေးရုံကြီးတွင် ကုသမှုခံရနေရ ကြောင်း မြို့ခံပြည်သူတစ်ဦးက ပြောသည်။

ယမန်နေ့ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၃နာရီခန့်တွင် အရေးပေါ်ကား ၃စီး ဖားအံဘက်ကို မောင်းနှင်သွားကြောင်းနှင့် အင်္ဂါနေ့ကလည်း မိုးကာတာလပတ်များ အလုံပိတ်ထားသည့် စစ်ကား ၅စီးလည်း ဖားအံဘက်ကို အပြင်းမောင်းနှင်သွားကြောင်း ကိုယ်တိုင်မြင် တွေ့ခဲ့သည့် ဖားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာသူတစ်ဦးက ပြောသည်။

ယခုလို နအဖ စစ်တပ်ကားများ ပုံမှန်ထက် ထူးခြားစွာ ကရင်ပြည်နယ်ထဲသို့ ၀င်ရောက်လာခြင်းမှာ နယ်စပ်ဒေသဘက်တွင် တိုက်ပွဲများ ဖြစ်လာနိုင်မည့် အလားအလာများ ရှိသည်ဟုလည်း ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများက ဝေဖန်ပြောဆိုနေကြ သည်။

Saturday, June 19, 2010

လူ့အခွင့်အရေးချိုးဖေါက်မှုသတင်းနှင့်တိုက်ပွဲသတင်း

18 Jun 2010 06:37 AM PDT
တပ်မဟာ(၂) တောင်ငူခရိုင်။

ထန်းတပင်မြို့နယ်၊ ပြင်စလို ရှိ နအဖတပ် စကခ(၇) သည်၂၉.၅.၂၀၁၀နေ့တွင် ပြင်စလိုရွာအား အရှည်၁၂ပေရှိ ဝါးအချောင်း၁၀၀ကို အတင်းအဓမ္မခုတ်ပြီးပို့ဆောင်ခိုင်း၊ ဒါ့အပြင် ထိုရွာမှ ရွာသား များကိုသူတို့၏စခန်းသို့ညတိုင်း တညလျှင်၂ဦးစီလာရောက်အိပ်ခိုင်း။ မအားမလပ်သဖြင့်လာ ရောက်မအိပ်နိုင်သော ရွာသား များဖြစ်တဲ့ စောကလဲ ကို၆ချက် စောမော်လယ်ထူးကို၎ချက် ရိုက် နှက်ရာ ၂ဦးစလုံးခေါင်းကွဲခဲ့။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
၂၉.၅.၂၀၁၀နေ့တွင်နအဖတပ်ခမရ(၃၅၀)၏အရပ်သားများကိုပစ်ခတ်မှုကြောင့် အရပ်သား၁ဦး ခြေထောက်ကျိုး။

တပ်မဟာ(၅) ဖာပွန်ခရိုင်။
၂၉.၅.၂၀၁၀နေ့တွင် ပလီလေခိုမှာDKBA၏မိုင်းကို မယ်မှဲအုပ်စုခလယ်ဆီရွာသား စောဖားခွယ်၏ ကျွဲတကောင်တက်နင်းမိ။ ၃၁.၅.၂၀၁၀နေ့တွင်လည်း စောဖားခွယ်၏ကျွဲ နောက်၁ကောင် DKBA ၏မိုင်းကိုလယ်ခေါ်ထိမှာ ထပ်တက်နင်းမိ။ ခမရ(၄၃၄)ဗိုလ်စောထီးသည် မယ်ကလောအုပ်စုမှရွာ သားများကိုဝါးအချောင်း၁၀၀နှင့် ထီးဘယ်ခါထာရွာသားများကို ဝါး၁၀၀ချောင်း အတင်းအကြပ် ခုတ်ခိုင်းပြီး ဝေဖို့ရွာသို့ပို့ဆောင်ခိုင်း။

တပ်မဟာ(၇) ဖားအံ့ခရိုင်။
ထီးပယ်အရပ်မှာ အခြေချတဲ့ DKBA999 မှမောင်လာဝါးသည် ၃၁.၅.၂၀၁၀နေ့ နံနက်၇နာရီအချိန် လောက်တွင် တော်ပလေးဒဲရွာသို့၈၁မမ လက်နက်ကြီး ၄ချက်ပစ်ခဲ့၊ ထို့အပြင်၁၁း၂၀နာရီအချိန် တွင် ၈၁မမ လက်နက်ကြီး၂ချက် လာချုဘောလူသို့ထပ်ပစ်ခဲ့သေးသည်။ ဒါတင်မကသေးပါ DKBA999 မှမောင်လာဝါးသည် ကလော်လူရွာမှ အိမ်၅လုံး သေလာဘောလူရွာမှအိမ်၎လုံး၊ ကျူခီး ရွာမှအိမ်၎လုံးတို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။

တပ်မဟာ(၁) သထုံခရိုင်။
၃.၆.၂၀၁၀နေ့တွင်အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှူးအောင်ကျော်ငြိမ်းသည်ဝါပါရွာတွင်စစ်စခန်း ဆောက်ဖို့အတွက်သစ်၊ဝါး၊အင်ဖက်များကိုတောင်းယူပြီး တန်ဘိုးကျသလောက်ပေးမည်ဟုပြော၊ ပနွယ်ကလားရွာအား လုံးပတ်၃ထွာ အရှည်၁၀တောင်ရှိ သစ်လုံး၅၀၊ လုံးပတ်၃ထွာ အရှည်၈ တောင်ရှိ ဝါးရိုင်း၁၀၀ချောင်းတို့ကိုမှာယူခဲ့ပြီး ၁၀.၆.၂၀၁၀နေ့တွင်ခမရ(၄)စခန်းသို့အရောက်ပို့ ခိုင်း။
၈.၆.၂၀၁၀နေ့တွင် DKBA ၉၉၉တပ်ရင်း၂ တပ်ခွဲ၂မှ မိုးကြိုး (ခ)အတရိ၂၆နှစ်သည်မိခင်KNU ထံသို့ပြန်လည်ခိုလှုံလာပြီးAR၁လက်၊ ကျည်ကပ်၂ကပ်၊ ကျည်ဆံ၂၄တောင့်ပါယူဆောင်ခဲ့၊
ထို့အပြင်မိုးကြိုးနှင့်အတူ အထမ်းသမားဘဝမှDKBAထဲသို့အတင်းအကြပ်စစ်သားအဖြစ်သွတ် သွင်းခံရတဲ့ သန်းနိုင် (၅၅နှစ်) လည်းပါခဲ့သေးသည်။
၁၄.၆.၂၀၁၀နေ့တွင်DKBAတပ်ရင်း၃၃၃မှ ဘိုသာကျော်၏ အတင်းအဓမ္မတပ်ထဲဝင်ခိုင်းပြီးစစ်သား လုပ်ခိုင်းသော ပလိုသဲရွာသား စောမီးထယ်သည် စစ်မတိုက်လိုသဖြင့် ၁၆.၆.၂၀၁၀နေ့တွင် KNU သို့ရောက်ရှိလာခဲ့သည်။

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)