Showing posts with label video. Show all posts
Showing posts with label video. Show all posts

Tuesday, July 21, 2015

ဇေကမ္ဘာကုမ္ပဏီနှင့် ဆင်ဖုန်ရွာဖျက်သိမ်းမှု (ရုပ်/သံ)

13 June 2015 ရန်ကုန်မြို့ ရွှေပေါက္ကံမြို့နယ်အတွင်းက အိမ်ခြေ ၈ဝ နီးပါးရှိတဲ့ ဆင်ဖုန်ရွာကို ဇွန်လ ၁၂ ရက်နေ့ မနက် ၅ နာရီ လောက်မှာ လူအင်အား ၂ ရာလောက်က အင်အားသုံး ဖျက်ဆီးခဲ့ပါတယ်။ ဆင်ဖုန်ရွာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တရာလောက်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ RFA သတင်းထောက် မဝေမာထွန်း တင်ပြထားပါတယ်။

(၄၃၆) ပြင်ဆင်ရေးဆန္ဒပြပွဲ-ချောက်မြို့ (ရုပ်/သံ)

11 July 2015 ရွေးကောက်ပွဲ တရားမျှတရေးနဲ့ အခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးအတွက် မကွေးတိုင်း ချောက်မြို့မှာ ကျောင်းသားတွေဦးဆောင်ပြီး ဇူလိုင်လ ၁ဝ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မကွေးအခြေစိုက် RFA သတင်းထောက်ကိုဇော်တူးက ချောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

Sunday, February 22, 2015

ဦးမောင်မောင်အေး မိန့်ခွန်း

JACDB ကိုယ်စားပြု ဦးမောင်မောင်အေးမှ ကရင့်အမျိုးသား နေ့ကြီးရက်ကြီးများဖြစ်သော ၆၈ ကြိမ်မြောက် KNU Day, 67 ကြိမ်မြောက် ကရင်အမျိုးသားနေ့, ၆၆ ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ပြောကြားသွားသော မိန့်ခွန်း။

Saturday, November 22, 2014

မတော်တဆလား အစီအစဉ်ရှိရှိ ချိန်ပစ်တာလား

ကချင် KIA စစ်ဗိုလ်သင်တန်းကျောင်း ကို အစိုးရ တပ်မှာ ပစ်ခတ် လိုက်သောလက်နက်ကြီး မတော် တဆ ကျသွားဒါပါ လို့ အစိုးရ က သတင်း ထုပ်ပြန်တာ တွေ လို့ အဲဒီလိုလက်နက်ကြီး တွေက မတော် တဆ လွယ် လွယ် လေး နဲ့ ပစ်လို့ ရလောက်အောင် ဖြစ်နိုင် မဖြစ် ဆို ဒါ ကို နမူနာလည်း ကြည့် ကြပါ အဲဒီလိုသတင်းမျိုး ထုပ်ပြန် တာတွေ တွေ့ လို့ ဒီ Video ဖိုင်လေး ကို ဥပမာပေး ကြည့်ကြပါ

Friday, October 10, 2014

ကြားဖြတ် အစိုးရ ဖွဲ့စည်း ပေါ်ပေါက်ရေး ဆန္ဒပြမှု

ကြားဖြတ် အစိုးရ ဖွဲ့စည်း ပေါ်ပေါက်ရေး အလျှင်အမြန် အလိုရှိကြောင်း
ယနေ့ မနက် ၉ နာရီ ရန်ကုန်ဆူးလေ မြို့တော်ခန်းမရှေ့တွင် ပြည်သူ့ကိုယ်စားပြု အင်အားစုများ ဆန္ဒပြစဉ်။......၀င်းကို(၁၀-၁၀-၂၀၁၄)

Monday, June 2, 2014

နှစ်၅၀အတွင်း မြန်မာအလှမယ် အာရှသရဖူဆောင်း (ရုပ်/သံ


နှစ်၅၀အတွင်း မြန်မာအလှမယ် အာရှသရဖူဆောင်း (ရုပ်/သံ)

  နှစ်၅၀အတွင်း မြန်မာအလှမယ် အာရှသရဖူဆောင်း (ရုပ်/သံ)

Saturday, May 24, 2014

အပစ်ရပ်သဘောတူစာချုပ် ဒု-မူကြမ်း (ရုပ်/သံ)

 


ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ဆွေးနွေးပွဲ ဒီကနေ့ ပြီးဆုံးသွားပါပြီ။ ဒီဆွေးနွေးပွဲကနေ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်- ဒုတိယမူကြမ်းကို အတည်ပြုလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။ 

NCCT and MPC Final Day of Ceasefire Talk- 2014 May 23


NCCT and MPC Final Day of Ceasefire Talk- 2014 May 23


နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ မနေ့က စစ်တပ်က အာဏာသိမ်းလိုက်ပြီး ညမထွက်ရအမိန့်ကိုလည်း ကြေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။

Wednesday, April 30, 2014

လောင်းလုံ ရေနံချက်စက်ရုံအရေး ဆန္ဒပြပွဲ (ရုပ်/သံ)

ထားဝယ်ခရိုင် လောင်းလုံမြိုနယ်၊ ညင်းမော် ကျေးရွာအုပ်စုမှာ တည်ဆောက်မယ့် ရေနံချက်စက်ရုံကို ဒေသခံတွေက ဒီနေ့လောင်းလုံမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထား ပါတယ်။

MDCF ကိုထင်ကျော်နဲ့ တွေ့ဆုံမေးမြန်းချက် (ရုပ်/သံ)

ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်နဲ့ လူပေါင်း ၂ဝ လောက်ဟာ ဧပြီလ ၂၈ ရက်၊ မနေ့က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ ပြည်ထောင်စုအစိုးရအပေါ် အယုံအကြည်မရှိကြောင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြပါတယ်။ ကိုထင်ကျော်နဲ့အဖွဲ့ဟာ မန္တလေးမြို့နဲ့ ရန်ကုန်တိုင်း အတွင်းက တခြားမြို့နယ်တွေမှာလည်း အလားတူ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။ ကိုထင်ကျော်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

Tuesday, April 22, 2014

ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင် ရုပ်သံ အပိုင်း(၁)(၂)(၃)(၄)(၅)



ရိုက်ကူး - Kay Mastenbroek နှင့် အဖွဲ့
တင်ဆက် - နေရီရီ
တည်းဖြတ် -Kay Mastenbroek ၊ နေရီရီ

DVB TV -21-04-2014

ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင် ရုပ်သံ အပိုင်း(၁)



စစ်တပ်ရဲ့ အမူအကျင့်တွေကို ဘဘဦးဝင်းတင် နောက်ဆုံးအနေနဲ့ ဖွင့်ချ



Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)